spot_img
Monday, April 15, 2024
More
    spot_img
    Homeသတင်းကျေးရွာသုံး စက်သုံးဆီဆိုင်များ လိုင်စင်လျှောက်ထားမှုမရှိသေး

    ကျေးရွာသုံး စက်သုံးဆီဆိုင်များ လိုင်စင်လျှောက်ထားမှုမရှိသေး

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မတ် ၁၇)

    မွန်ပြည်နယ်အတွင်း ကျေးရွာသုံးစက်သုံးဆီဆိုင်များ လိုင်စင်ပြုလုပ်ပေးခြင်းကို ကြေညာခဲ့သည်မှာ ၃ လကျော်ပြီးဖြစ်သော်လည်း လိုင်စင်လာရောက်လျှောက်ထားမှု မရှိသေးကြောင်း မြန်မာ့ရေနံ့ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ပြည်နယ်ရောင်းဝယ်ရေးအရာရှိ(မွန်/ကရင်ပြည်နယ်) ဦးမောင်မောင်စိုးက ပြောသည်။

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလ ၄ ရက်နေ့ အမိန့်စာအရ ပြုလုပ်ပေးနေပြီး တရာမဝင်ဆီဆိုင်များ ပပျောက်ဖို့နှင့် တရားဝင်ဆီဆိုင်များ စနစ်တကျ ပေါ်ထွန်းလာရန်ရည်ရွယ်သည်ဟု ၎င်းက ဆိုသည်။

    ဦးမောင်မောင်စိုးက “အဲ့ရွာတွေက ဆီလာဝယ်ဖို့အရေးကို ၅ မိုင် ၆ မိုင်လောက် လာရတယ် ပြီးရင်ပြန်သွားရင် ဘာမထူးဘူး ဆီကအပိုကုန်တာပေါ့ ကုန်တော့ အဲ့ဒီအတွက် သူတို့က တရားမဝင်ဆိုင်လေးတွေကို ကုန်ဆိုင်လေးတွေနဲ့ တွဲဖွင့်ကြတယ် ကိုတို့က အရေးယူလိုတော့ရတယ် ဒါပေမဲ့ နားလည်မှုပေးရတဲ့ အနေအထားတော့ရှိတာပေါ့လေ အခုအဲလိုမျိုးဆိုင်တွေကို လုံးဝပပျောက်သွားအောင် ရွာတွေမှာကို တရားဝင်ဆိုင်တွေ ဖွင့်လှစ်ခွင့်ပေးမှာပေါ့လေ” ဟု ၎င်းကဆိုသည်။

    ကျေးရွာအလိုက် စက်သုံးဆီဆိုင်အရေအတွက်ကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်မှုဖြင့် သတ်မှတ်သွားမည်ဖြစ်သည်။

    “ဆိုင်ကယ်စီးရေ ယာဉ်စီးရေတွေ ရွာရဲ့ အခြေအနေကိုကြည့်ပြီးတော့ ဒီရွာကို လေးဆိုင်သတ်မှတ်သင့်တယ် ၅ ဆိုင်သတ်မှတ်သင့်တယ် ၃ ဆိုင်ပဲသတ်မှတ်သင့်တယ် ရွာကသေးတယ် ဆီဆိုင် အသုံးပြုတဲ့ သူတွေကလည်း မရှိဘူး ဆီအသုံးပြုတဲ့လုပ်ငန်းလည်း သိပ်မရှိဘူး ၂ ဆိုင်ပဲသတ်မှတ်ရင် သတ်မှတ်မှာပေါ့ ၅ ဆိုင်သတ်မှတ်လိုက်ရင် ၅ ဆိုင်ထက်ပိုဖွင့်ခွင့်မရဘူး” ဦးမောင်မောင်စိုး ဆိုသည်။

    ကျေးရွာအလိုက် သတ်မှတ်ထားသော ဆီဆိုင်အရေအတွက် ပြည့်မီသွားပါက လိုင်စင်မရှိသည့် စက်သုံးဆီဆိုင်များကို တရာမဝင်ဆိုင်များအဖြစ် အရေးယူသွားမှာဖြစ်သည်။

    အဆိုပါစက်သုံးဆိုင်များအနေဖြင့်  ကျေးရွာနယ်နိမိတ်နှင့် ပေ ၃၀၀ ကွာ၍ ဆိုင်၏ မျက်နှာစာ ပေ ၄၀ အကျယ်ရှိရမည်ဟု သိရသည်။

    သို့ရာတွင် လိုင်စင်ပြုလုပ်ရန် လိုအပ်သည့် စာရွက်စာတမ်း၊ အချက်အလက်များကို ၎င်းအနေဖြင့် ခက်ခဲမှုများရှိသည်ဟု ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာရှိ ဆီဆိုင်ပိုင်ရှင် မိနွယ်စိုးက ပြောသည်။

    “ဆိုင်သေးသေးပဲရောင်းချင်တယ်ဆိုတော့ အခက်အခဲရှိတာပေါ့ ဆိုင်ကြီးကြီးလုပ်ရင်တော့ အဲလိုကြီးကြီးလုပ်မှာပေါ့ ကိုယ်ကသေးသေးလိုမျိုးပဲရောင်းချင်တယ်ဆိုတော့ အခက်အခဲရှိတာပေါ့ စာရွက်က ပေ ၄၀ တို့ဘာတို့ မြေပုံစံပြောင်းတို့ဘာတို့ အဲလိုမျိုးဆိုတော့ အခက်အခဲရှိတာပေါ့” ဟု ၎င်းကဆိုသည်။

    လိုင်စင်လျှောက်ထားခြင်း လုပ်ငန်းကို မြန်မာ့ရေနံ့ထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ပြည်နယ်ရောင်းဝယ်ရေးအရာရှိရုံး (မွန်/ကရင်ပြည်နယ်)သို့ လာရောက်လျှောက်ထားရမှာဖြစ်ပြီး ပြည်နယ်ရောင်းဝယ်ရေးအရာရှိက လိုင်စင်ထုတ်ပေးသွားမည် ဖြစ်သည်။


    Photo- စက်သုံးဆီဆိုင်(Internet)




    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,200SubscribersSubscribe
    spot_img

    Latest posts