spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ဗုဒ္ဓဂါယာဘုရားဖူးမှ ပြန်လာသူတစ်ဦး ကိုရိုနာရောဂါ လက္ခဏာမဟုတ်သည့်အတွက် ဆေးရုံမှ ဆင်းပြီဟုဆို

    ရေးမြို့နယ်တွင် ဗုဒ္ဓဂါယာဘုရားဖူးမှ ပြန်လာသူတစ်ဦး ကိုရိုနာရောဂါ လက္ခဏာမဟုတ်သည့်အတွက် ဆေးရုံမှ ဆင်းပြီဟုဆို

    -

    ရန်လင်းအောင်(မော်လမြိုင်၊ မတ် ၁၂)

    မွန်ပြည်နယ် ရေးမြို့နယ်တွင် ဗုဒ္ဓဂါယာဘုရားဖူးမှ ပြန်လာသည့် သက်ကြီးပိုင်း လူတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာမဟုတ်သည့်အတွက် ဆေးရုံတက်ပြီး တစ်ညအကြာတွင် ဆေးရုံမှဆင်းသွားပြီဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးဦးစီးမှူး(စီမံ၊ဘဏ္ဍာ) ဒေါက်တာ ဝတ်မှုံက ပြောကြားသည်။

    “သတ်မှတ်ထားတဲ့ လက္ခဏာနဲ့ဆိုလို့ရှိရင် ဗုဒ္ဓဂါယာဘုရားဖူးသွားတာတစ်ခုပဲ ချောင်းဆိုးတာ တစ်ခုတော့ကိုက်ညီတာပေါ့ သတ်မှတ်ချက်အရဆိုလို့ရှိရင် ဖျားရမယ်လို့ပေါ့အဲ့ဒါနဲ့တော့ မကိုက်ညီပေါ့ ဗုဒ္ဓဂါယာဘုရားဖူးသွားတာတစ်ခုပဲ ဆေးရုံမှာ ခုနစောင့်ကြည့်ဖို့ အစ်မတို့က ခေါ်ထားလိုက်တယ်” ဟု ဒေါက်တာဝတ်မှုံက ဆိုသည်။

    ထိုသူသည် ဗုဒ္ဓဂါယာဘုရားဖူးမှ မတ်လ၈ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ပြီး မတ်လ ၁၀ ရက်နေ့တွင် ရေးမြို့ရှိ နေအိမ်သို့ ရောက်ရှိလာတာလည်းဖြစ်သည်။

    ချောင်းဆိုးသည့် ရောဂါရှိသည့်အတွက်ကြောင့် ရေးမြို့ရှိ အေးသုခ အထူးကု ပုဂ္ဂလိကဆေးရုံမှတစ်ဆင့် မတ်လ ၁၁ ရက်နေ့ညနေပိုင်းတွင် ရေးမြို့နယ် ပြည်သူ့ဆေးရုံသို့လွဲပြောင်း ရောက်ရှိခဲ့တာဖြစ်သည်ဟု ဒေါက်တာ ဝတ်မှုံက ပြောသည်။

    “ချောင်းဆိုးတာဆေးရုံရောက်တဲ့ နေ့ဆို ၃ ရက်ပေါ့ သူပြောအရ သူ့မှာ နှလုံးသွေးကြောကျဉ်းရောဂါရှိတယ်လို့ သိရတယ် ဓါတ်မှန်ရိုက်ကြည့်တော့ အဆုတ်လေပြွန်လေးတွေပေါ့ အဲ့ဒါလေး ရောင်တဲ့ လက္ခဏာတွေရှိတယ်ပေါ့ အဲ့လိုမျိုးစောင့်ကြည့်ပြီး ဒီနေ့မနက်မှာပေါ့ သက်သာသွားတဲ့ အခါကျတော့ သူအိမ်ပြန်နားချင်တာပေါ့ အိမ်ပြန်နားပြီးတော့ စောင့်ကြည့်လူနာတော့မဟုတ်ဘူး သံသယ လည်းမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

    ကိုရိုနာ ဗိုင်းရပ်စ်သံသယစောင့်ကြည့်လူနာပုံစံနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေး ကူးစက်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းပပဌေးက “ရောဂါရှိတဲ့သူနဲ့ ထိတွေ့ခံဖူးတဲ့သူ ဖြစ်နေတဲ့တိုင်းပြည်ကနေ ပြန်လာတဲ့သူ ရောဂါလက္ခဏာဖြစ်တဲ့ ဖျားတယ်ချောင်းဆိုးတယ် အသက် ရှုရခက်ခဲတယ်ပေါ့နော် ဒီလို လက္ခဏာရှိတဲ့ သူတွေကို စောင့်ကြည့်လူနာလို့ သတ်မှတ်တယ် ဖျားတယ် ရှိရင်တော့ ဆေးရုံမှာသီးသန့်ထားပြီးတော့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ကျန်တာတော့ ၁၄ ရက်စောင့်ကြည့်တာပေါ့” ဟုဆိုသည်။

    မတ်လ ၁၁ရက်နေ့ညက WaiMar Aung Facebook Accountမှ သူ့၏ ဖခင်မှာ ဆေးရုံတွင် ဗိုင်းရပ်စ်စောင့်ကြည့်လူနာဖြစ်နေသည့် အတွက် ဆုတောင်း Status တင်ရာမှ မွန်ပြည်နယ်အတွင်းရှိ Social Media အသုံးပြုသူများအကြား ပွက်လောရိုက်ခဲ့သည်။

    မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၁-၃-၂၀၂၀) ရက်နေ့အထိ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။

    Photo-Covid 19 Poster (BBC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks