spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းနိုင်ငံရေးကဏ္ဍတွင် မွန်အမျိုးသမီးများပိုမိုပါဝင်လာရေး တိုက်တွန်းပြောကြား

    နိုင်ငံရေးကဏ္ဍတွင် မွန်အမျိုးသမီးများပိုမိုပါဝင်လာရေး တိုက်တွန်းပြောကြား

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မတ်၅)

    လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် မွန်အမျိုးသမီးများ ပါဝင်ရွေးကောက်ခံဖို့နှင့် အမျိုးသမီးကိုယ်စားလှယ်တွေ နိုင်ငံရေးကဏ္ဍတွေမှာ ပိုမိုပါဝင်လာဖို့ လိုအပ်ကြောင်း ၁၆ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မိကွန်းချမ်းနွန်က တိုက်တွန်းပြောကြားသည်။

    မိကွန်းချမ်းနွန်က “ ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့နဲ့ ပါဝင်ရွေးကောက်ခံဖို့နဲ့ အမျိုးသမီးကိုယ်စားလှယ်တွေ နိုင်ငံရေးကဏ္ဍတွေမှာ ပိုမိုပါဝင်လာဖို့ အခြေအနေကိုတော့ ကျွန်မတို့ ဦးစားပေးပြီး ပြောထားတာရှိတယ် ” ဟု ဆိုသည်။

    မတ်လ ၅ ရက်နေ့တွင် ကျရောက်သည့် ၁၆ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားကို မော်လမြိုင်မြို့ သံလွင်ဥယျာဉ်ဝင်း၌ ကျင်းပခဲ့ရာတွင် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွှတ်ရေးပါတီမှ တာဝန်ရှိသူများနှင့် မွန်အမျိုးသမီးကွန်ယက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

    “လူမှုရေး ကဏ္ဍတွေမှာ လှုပ်ရှားနေတဲ့ သူတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အမျိုးသမီးခေါင်းဆောင်တွေ တော်တော်များများတွေ့ရမှာဖြစ်ပါတယ်၊ ဒီအပြင်ကို တကယ်ပဲ ခေါင်းဆောင်မှုအနေနဲ့ ပါဝင်နိုင်တဲ့ ခေါင်းဆောင်နိုင်တဲ့ သူတွေ အများကြီးရှိတယ်ကို ကျွန်မတို့တွေ့ရှိရမှာဖြစ်ပါတယ် ခုလက်ရှိပါဝင်နေတဲ့ အားရကျေနပ်မှု မရှိသေးပါဘူး ဒီထက်ပိုပြီး ပါဝင်လာဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်ပြီး လုပ်ဆောင်ဖို့ လိုနေသေးတယ်” ဟု မိကွန်းချမ်းနွန်ကဆက်ပြောသည်။

    မွန်ညီညွှတ်ရေးပါတီတွင် လက်ရှိ အမျိုးသမီး ၁၃ ရာခိုင်နှုန်းပါဝင်နေသလို မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတွင် အမျိုးသမီး ၂ ဦး ပါဝင်လျက်ရှိပြီး လူမှုရေးကဏ္ဍများတွင် ဦးဆောင်နေသည့် အမျိုးသမီးခေါင်းဆောင်တော်တော်များများတွေ့ရသည်ဟု ၎င်းက ဆိုသည်။

    မွန်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ မိမရော့စွမ်းက “ဘယ်အခန်းကဏ္ဍပဲကြည့်ကြည့်ပါ၊ အမျိုးသမီးလို့ ပြောလိုက်တာနဲ့ ငြိမ်းချမ်းရေး အခန်းကဏ္ဍပဲ ဖြစ်ဖြစ် နိုင်ငံရေး အခန်းကဏ္ဍပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ ဘယ်လောက်ပဲ ရာခိုင်နှုန်းများများပေါ့နော် တကယ့် ဆုံးဖြတ်ချက်ချတဲ့ နေရာကျတော့ အမျိုးသမီးတွေ ပါဝင်မှု အရမ်းအားနည်းနေသေးတယ်” ဟု ဆိုသည်။

    ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် ကဏ္ဍများတွင် အမျိုးသမီးများပိုမိုပါဝင်လာရေး မွန်အမျိုးသမီးများအား လှုံ့ဆော်ဖို့အတွက် မွန်ဘုရင်မ ရှင်စောပု၏ မွေးနေ့ တပေါင်းလဆန်း ၁၂ ရက်ကို အစွဲပြုပြီး မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    Photo- ၁၆ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အခမ်းအနား(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts