spot_img
Monday, February 16, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ တရားမဝင်မလွယ်ပေါက်ဖြတ်ကျော်ဂိတ်နှစ်နေရာကို အပြန်အလှန်ပိတ်

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ တရားမဝင်မလွယ်ပေါက်ဖြတ်ကျော်ဂိတ်နှစ်နေရာကို အပြန်အလှန်ပိတ်

    -

    မွန်သတင်းအေဂျင်စီ (ဖေဖော်ဝါရီ ၂၆)

    ထိုင်းမြန်မာနယ်စပ် ကန်ချနပူရီခရိုင်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော ဘုရားသုံးဆူဒေသရှိ တရားမဝင်မလွယ်ပေါက်ဖြတ်ကျော်ဂိတ်နှစ်နေရာကို နှစ်ဖက်အာဏာပိုင်များက ယခုအခါ အပြန်အလှန်ပိတ်ထားလိုက်ကြောင်း တွေ့ရှိရသည်။

    ဘုရားသုံးဆူ နယ်စပ်ဖြတ်ကျော်ဂိတ်ကြီးကို ၂၀၀၇ ခုနှစ်ကတည်းက မြန်မာဘက်မှ ပိတ်ထားခဲ့သည့်အတွက် တရားဝင်ဖြတ်သန်းသွားလာခွင့်မရှိသော်လည်း အဆိုပါမလွယ်ပေါက်ဂိတ်များမှတဆင့် ဒေသခံများက မော်တော်ကား၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေခြင်း ဖြစ်သည်။

    “အခုတော့ မော်တော်ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရဘူး၊ ဂိတ်ကြီးကနေဖြစ်ဖြစ် အခြားမလွယ်ပေါက်ကနေဘဲဖြစ်ဖြစ် လူတွေသွားလာလို့ရပါတယ်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ဂျပန်ရေတွင်း ကြံတောလမ်းကနေ ကားတွေ ဆိုင်ကယ်တွေ သွားလာလို့ရသေးတယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

    ကရင်နယ်ခြားစောင့်တပ် BGF မျိုးချစ် ဂိတ်ပေါက်နေရာကို ထိုင်းစစ်တပ်က ကွန်ကရိတုန်းများစီတန်း၍ ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ပိတ်လိုက်ပြီးနောက် ညောင်ပင်သွပ်တံခါးဂိတ်နေရာကို မြန်မာဘက်မှ ယနေ့နံနက်ပိုင်းက တဖန်ပိတ်လိုက်သည်ဟု သိရသည်။

    ဘုရားသုံးဆူ တောင်ဝိုင်းအနီးတွင် မကြာခင်ရက်ပိုင်းက အင်အားတိုးမြှင့်ချထားသော ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ကို ထိုင်းတို့က ၎င်းတို့၏နယ်နိမိတ်ကျူးကျော်သည်ဆိုကာ ပြန်လည်ဆုတ်ခွာပေးရန် ပြောကြားခဲ့ကြောင်း နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။

    သို့ရာတွင် BGF တပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခြင်းမရှိသဖြင့် BGF မျိုးချစ်ဂိတ်ပေါက်နေရာကို ထိုင်းစစ်တပ်လာရောက် ပိတ်လိုက်သလို မြန်မာအာဏာပိုင်တို့ကလည်း ထိုင်းတို့ဖွင့်လှစ်ထားသော ညောင်ပင်သွပ်တံခါးဂိတ်နေရာကို ပိတ်လိုက်ခြင်းဖြစ်သည်။

    ဘုရားသုံးဆူ

    ရှေးဘုရင်လက်ထက်ကတည်းကပင် ဘုရားသုံးဆူဒေသသည် နှစ်နိုင်ငံမြေနေရာနယ်နိမိတ် တိကျစွာပိုင်းခြားနိုင်ခြင်းမရှိသေးသဖြင့် မကြာခဏဆိုသလိုအငြင်းပွားမှု ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိရသည်။

    နှစ်ဖက်စလုံးက တရားဝင်လက်မခံထားသည့်နေရာတွင် ဂိတ်များဖွင့်လှစ်ပါက နယ်စပ်ဧရိယာသတ်မှတ်သည့်အခါ အငြင်းပွားစရာရှိလာနိုင်သည့်အတွက် နှစ်နိုင်ငံချစ်ကြည်ရေးမပျက်ပြားစေဖို့ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ဖွင့်ခွင့်မပြုသေးကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပသည့် ကြာအင်းဆိပ်ကြီးမြို့  လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတိအလင်းပြောကြားထားသည်။

    ယခင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်စခန်းဖြစ်သည့် ဘုရားသုံးဆူဒေသကို ၁၉၉၀ ခုနှစ်တွင် မြန်မာစစ်တပ် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုနောက် ဘုရားသုံးဆူမြို့ကို မြန်မာအာဏာပိုင်များ မြို့အကွက်ချတည်ဆောက်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ထိုင်းမြန်မာနယ်စပ်ဂိတ်ကို တရားဝင်စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    ပိတ်ထားသည့် BGF နှင့် ညောင်ပင်မလွယ်ပေါက်ဂိတ် ၂ နေရာ (Google Map)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks