spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချရေး ရံပုံငွေအခက်အခဲဖြစ်နေ

    မွန်ပြည်နယ် မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချရေး ရံပုံငွေအခက်အခဲဖြစ်နေ

    -

    ကြယ်နီ (မွန်မြေ) ဒီဇင်ဘာ ၁၆

    မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေး လုပ်စဉ်များ အကောင်အထည်ဖော်နိုင်ရန်  ရံပုံငွေ လုံလောက်မှုမရှိကြောင်း ဒီဇင်ဘာ  ၁၆ ရက်နေ့က ပြုလုပ်သည့် ဒေသတွင်းမူးယစ်ဆေးဝါး အန္တရာယ် ကာကွယ်လျော့ချရေး  လေ့လာဆန်းစစ်ချက်များ အစီရင်ခံစာ ပြည်နယ်လွှတ်တော်သို့ တင်ပြခြင်း အခမ်းအနားတွင် ဆွေးနွေးတင်ပြသည်။

    “ကျွန်မအနေနဲ့ ပြောချင်တာက မူးစိတ်တား အနေနဲ့ ၁၆ ဖွဲ့ရှိတယ်၊ အဲဒီအဖွဲ့ကလည်း ၉၃ ခုနှစ်ကတည်က ဖွဲ့ထားပေမယ့် သူတို့တွေက အရမ်းကိုပဲ လှုပ်ရှားမှုအားနည်းတယ်၊ ဘာကြောင့်လည်းဆိုတော့ ရံပုံငွေမရှိလို့၊ ရံပုံငွေမရှိလိုလည်း လုပ်ငန်းစဉ်တွေများတော့ အကောင်အထည်မဖော်နိုင်ဘူး၊  မူးယစ်ဆေးအန္တရာယ်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ရန်ပုံငွေ ခိုင်မာတဲ့ ရံပုံငွေရှိမယ်ဆိုရင် ပိုမိုကျယ်ပြန့်တဲ့ ကိစ္စတွေကို ဆောင်ရွက်သွားနိုင်မယ်” ဟု အစီရင်ခံစာ တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမိုးသူက ပြောသည်။

    မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်လျော့ချရေး လေ့လာဆန်းစစ်ချက်များ အစီရင်ခံစာပြုစုရာတွင် မိမိအနေဖြင့် ထောင်များ၊ စာသင်ကျောင်းများနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်နေသည့် ပတ်ဝန်းကျင်များကို လေ့လာခဲ့ကြောင်း၊ ထောင်များနှင့် အချုပ်ခန်းများတွင် မူးယစ်ဆေး သုံးစွဲသူ အများစုဖြစ်နေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချရေးတွင် ပြစ်ဒဏ်ချမှတ်မှုတစ်ခုထဲဖြင့် မလုံလောက်ကြောင်း၊ ရောင်းချသူများကို ပြစ်ဒဏ်ပေးသင့်သည်ဟု အချက်အလက်များ ကောက်ယူရာတွင် တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်မှတဆင့် အစိုးရမည်သို့ ဆောင်ရွက်သွားမည့် အစီအစဉ်များကို သိရှိလို၍ ယခုအစီရင်ခံစာကို တင်ပြရခြင်း ဖြစ်ကြောင်း ဒေါ်မိုးမိုးသူက ဆိုသည်။

    မူးယစ်ဆေးဝါး သုံးစွဲးမှုလျော့ချရေး ကိစ္စရပ်များအတွက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ဘတ်ဂျက် မရှိကြောင်း၊ ဆေးစွဲနေသူများ ဆေးဖြတ်လိုပါက မိမိတို့၏ စားရိတ်ဖြင့်သာ ဆေးဖြတ်နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြသည်။

    “အခုက အဓိက ဘတ်ဂျက်ကိစ္စ အခက်အခဲဖြစ်နေတယ်၊ ဒီဘတ်ဂျက်အတွက်ကလည်း ပြည်ထောင်စု အစိုးရကနေ ချပေးမှ ရမယ်၊ ဒါပေမယ့် ကျွန်တော်တို့ တစ်ခုလုပ်နိုင်တာက ကျောင်းသားလူငယ်တွေကို မူးယစ်ဆေးမသုံးအောင် အားရုံလွဲပေးဖို့ပဲ၊ အားကစားလုပ်တာတို့၊ စာဖတ်တာတို့ လုပ်မယ်ဆိုရင် အဲဒီအတွက် တစ်ဖက်လှည့်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ရင် မရစရာ အကြောင်းမရှိပါဘူး” ဟု မော်လမြိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

    သို့ရာတွင် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်နောင်လင်းက လက်ရှိအောက်ခြေတွင် မူးယစ်ဆေးသုံးစွဲသည့် လူငယ် ပိုမိုများလာကြောင်း၊ ဘတ်ဂျက်ရံပုံငွေမရှိ၍ လုပ်ဆောင်မရခြင်းမှာ မဖြစ်နိုင်ကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။

    မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးနှင့် ပတ်သက်၍ အဓိကသတင်းစကား (၄) ချက်မှာ မူးယစ်ဆေးဝါးအန္တရာယ် လျော့ချဖို့ အစိုးရ၊ လွှတ်တော်နှင့်ပြည်သူပူးပေါင်းဆောင်ရွက်စို့၊ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချဖို့ လူထုလူတန်းစားပေါင်းစုံပါဝင်စို့၊ မူးယစ်ဆေးဝါးအန္တရယ်လျော့ချရေး လူထုအခြေပြု ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေး ရံပုံငွေများ တိုးမြှင့်ပေး တို့ဖြစ်သည်။

    Caption- မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်လျော့ချရေး  လေ့လာဆန်းစစ်ချက်များ အစီရင်ခံစာတင်ပြခြင်း အခမ်းအနား(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks