spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ရွှေ့ပြောင်းလုပ်သားညီအစ်ကိုယ်နှစ်ဦးက မိန်းခလေးငယ်တစ်ဦးကိုပြန်ပေးဆွဲလူသတ်မှုဖြစ်ပွား

    ရေးမြို့နယ်တွင် ရွှေ့ပြောင်းလုပ်သားညီအစ်ကိုယ်နှစ်ဦးက မိန်းခလေးငယ်တစ်ဦးကိုပြန်ပေးဆွဲလူသတ်မှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၂၀)

    ရေးမြို့နယ် အစင်ကျေးရွာမြို့ဟောင်းကုန်းရပ်မှ အသက် ၁ နှစ်ကျော် မိန်းခလေးငယ်တစ်ဦးကို ရွှေ့ပြောင်းလုပ်သားလူငယ် ၂ ဦးက နိုဝင်ဘာ ၁၈ ရက်နေ့မွန်းလွဲပိုင်းတွင် နေအိမ်မှပြန်ပေးဆွဲငွေတောင်းခံခဲ့ပြီး လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရေးမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ 

    ပြစ်မှုကျူးလွန်သူဟုယူဆရသူ ရွှေ့ပြောင်းလုပ်သားညီအစ်ကိုယ်နှစ်ဦး၏ ထွက်ဆိုချက်အရ သေဆုံးသူ အသက် ၁ နှစ် ၇ လအရွယ်ရှိ မသံစဉ်ချို (အဘ- ဦးဖိုးဆယ်) ရုပ်အလောင်းကို ရေးမြို့မီးရထားဘူတာရုံပိုင်း ချောင်းတောင်ကျေးရွာတံတားအနီး မီးရထားလမ်းအနောက်ဘက်ရှိ ၄ ပေအနက်ခန့်ရှိ ရေမြောင်း၌ နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီကျော်ခန့်တွင် ရေးမြို့မရဲစခန်းတာဝန်ရှိသူများနှင့် နယ်မြေခံရာအိမ်မှူးတို့က ပြန်လည်ဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။

    အစင်ကျေးရွာ မြို့ဟောင်းကုန်ရပ်နေ ဦးဖိုးဆယ်၊ ဒေါ်သင်းသင်းအေးနေအိမ်သို့ ရေလုပ်ငန်းလုပ်ကိုင်ရန် လာရောက်နေထိုင်သူ စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင်၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်ကျေးရွာဇာတိ အဖ ဦးသိန်းဗိုလ်၏သား နှစ်ဦးဖြစ်ကြသော မောင်ရဲရင့်သူ(အသက် ၂၀ နှစ်) နှင့် မောင်ရဲရင့်မျိုး(အသက် ၁၆ နှစ်) တို့က သေဆုံးသူ မသံစဉ်ချိုအား အခင်းစတင်ဖြစ်ပွားသည့်နေ့ မွန်းလွဲပိုင်းအချိန်က နေအိမ်မှခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

    ထိုနောက် မော်တော်ဆိုင်ကယ်တက္ကစီတစ်စီးဖြင့် မသံစဉ်ချိုကို ရေးမြို့ဘက်သို့ခေါ်ဆောင်သွားခဲ့ကြောင်း၊ ညနေ ၆ နာရီအချိန်ခန့်တွင် ဦးဖိုးဆယ်ထံသို့ “ငွေ ၅ သိန်းဖြင့် သမီးဖြစ်သူ မသံစဉ်ချိုကို လာရောက်လဲလှယ်ရန်နှင့် လာရောက်လဲလှယ်ခြင်းမပြုပါက အဆိုးမဆိုနဲ့ စိတ်မရှည်ဘူး” ဟု ဖုန်းဆက်သွယ်ပြောကြားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်ကို မသံစဉ်ချို၏ မိခင်ဒေါ်သင်းသင်းအေးက ရေးမြို့မရဲစခန်းသို့အမှုဖွင့် တိုင်ကြားခဲ့ပြီး ညသန်းခေါင်ကျော်အချိန်ခန့်တွင် ပြစ်မှုကျူးလွန်သည်ဟုယူဆရသည် ၎င်းတို့ညီအစ်ကိုယ်နှစ်ဦးအား ရဲစခန်းမှဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။   

    အဆိုပါ အစင်ကျေးရွာမြို့ဟောင်းကုန်းရပ်ကွက်နှင့် အဘော်ကျားတန်းကျေးရွာတို့တွင် ကျားဖောင်လုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားများနှင့် လူပွဲစားများအကြား လူကုန်ကူးမှုပြဿနားများဖြစ်ပေါ်နေကြောင်း စုံစမ်းသိရှိရသည်။

    ရေးမြို့နယ် ကျားဖောင်လုပ်ငန်းခွင်များအတွင်း ၂၀၁၉ ခုနှစ်ပထမ ၆ လအတွင်းမှာပင် လူသတ်မှု ၅ မှု၊ သေမှုသေခင်း ၂၀ မှု၊ အခြားပြစ်မှု ၉ မှု ဖြစ်ပေါ်ခဲ့သည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှတ်တမ်းများမှ သတင်းရရှိသည်။

    Photo-မသံစဉ်ချိုရုပ်အလောင်းအား ရေမြောင်းမှဆယ်ယူခဲ့စဉ်(ရဲမှတ်တမ်း)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks