spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ်စပါးစိုက်ခင်းများ ရေခမ်းခြောက်မှုဖြစ်ပေါ်

    မွန်ပြည်နယ်စပါးစိုက်ခင်းများ ရေခမ်းခြောက်မှုဖြစ်ပေါ်

    -

    အဂ္ဂနွန်(နိုဝင်ဘာ၊ ၁၅)

    မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာကာ ယခုနှစ်တွင် ရာသီဥတုပိုမိုပူပြင်းလာသဖြင့် စပါးစိုက်ခင်းများ ရေခန်းခြောက်မှုဖြစ်ပေါ်လျှက်ရှိကြောင်း တောင်သူလယ်သမားများက ပြောသည်။

    “အရင်နှစ်တွေက ခုချိန်မှာ ရေမခမ်းခြောက်သေးဘူး၊ မနှစ်က စပါးအကုန်လုံးရိတ်တာ အဆင်ပြေတယ်၊ ဒီနှစ်လို တခါမှ ရေမခမ်းခြောက်ဖူးဘူးလေ၊ ဒီနှစ်ကျတော့ စပါးစေ့တွေလည်းမအောင်ဘူး” ဟု မုဒုံမြို့နယ် အခွန်ကျေးရွာမှ လယ်သမား ဦးမာန်တင်က ပြောသည်။

    စပါးပွင့်သည့်အချိန်တွင် ရေခမ်းခြောက်ကာ အောင်ရေမသွင်းနိုင်သောကြောင့် အပွင့်မအောင်ဘဲ အသီးများ အဖျင်းဖြစ်သွားရသည်ဟု ဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာလလယ်ကတည်းက မိုးရွာသွန်းခြင်းမရှိတော့ဘဲ ရာသီဥတုပူပြင်းလာသဖြင့် ကုန်းပိုင်းလယ်ကွက်များ အစိုဓာတ်တဖြည်းဖြည်း ခမ်းခြောက်သွားကြောင်း၊ ရေကန်နှင့် စမ်းချောင်းမှ ရေများကို စက်ဖြင့်တင်ခဲ့ရကြောင်း အခွန်ကျေးရွာနေ ဦးမောင်စိုးက ပြောသည်။

    ၎င်းက “တော်သလင်းလ မပြည့်ခင်ကတည်းက မိုးတခါထဲပြတ်သွားတော့ စပါးထွက်တဲ့အချိန်မှာ ရေခမ်းသွားတယ်၊ ကန်တွေကနေ ရေသွင်းတာပေါ့၊ တစ်ခါပဲသွင်းရတယ်၊ ကန်ရေကုန်သွားပြန်တယ်၊  စမ်းရေကျတော့လည်း ဆီဖိုး၊ စက်ဖိုးတွေ မတတ်နိုင်ဘူး၊ ထွက်တဲ့စပါးနဲ့ ကုန်းကျတဲ့လုပ်အားခနဲ့ မကိုက်ဘူး ဒီနှစ် ရာသီဥတုမကောင်းလို့”ဟု ဆိုသည်။

    အဆိုပါ အခွန်ကျေးရွာတွင် ယခုအခါရိတ်သိမ်းမည့်ဆဲဆဲ မိုးစပါး ဧက ၇၀၀ ခန့် ရေခမ်းခြောက်မှုဒဏ် ခံနေရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

    အလားတူ မိုးရွာသွန်းမှုပုံစံပြောင်းလဲမှုကြောင့် သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံမြို့နယ်များတွင် မိုးစပါးများ ရေခမ်းခြောက်မှုဒဏ် ကြုံတွေ့ခဲ့ရကြောင်း၊ မိုးရွာသီအစပိုင်း မုတ်သုံလေအဝင်နောက်ကျခဲ့ပြီး ပြန်လည်ဆုတ်ခွာချိန်စောသဖြင့် အပူချိန်မြင့်တက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ဇော်က ဆိုသည်။

     “သီးနှံပုံစံပြောင်းပေးရမယ့်အနေအထားရယ်၊ နောက်အမျိုးအစားပေါ့ အခုလိုရေအခက်အခဲရှိတယ်ဆိုရင် သက်တမ်းတိုတဲ့စပါးအမျိုးအစားကို ကျွန်တော်တို့ စိုက်ပျိုးဖို့သင့်တယ်”ဟု ပြည်နယ်ဦးစီးမှူး ဆက်ပြောသည်။

    ယခုနှစ်မိုးရာသီကာလ မွန်ပြည်နယ်သဘာဝဘေးဒဏ်ကြောင့် မိုးစပါးစိုက်ခင်း ရေကြီးနစ်မြုပ်မှုဧက ၈ သောင်း ရ ထောင်ကျော်ရှိသည့်အနက် ကျိုက်မရောမြို့နယ်တွင် အများဆုံးနစ်မြုပ်ခဲ့ကြောင်း မွန်ပြည်နယ် စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။

    Photo- ရိတ်သိမ်းချိန်မရောက်မီ ရေခမ်းခြောက်သည့် စပါးခင်းများ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts