spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးစေတီပတ်ဝန်းကျင် ဥပုဒ်နေ့များတွင် ပလက်စတစ်မသုံးရန် စီမံချက်ရေးဆွဲနေပြီဟုဆို

    ကျိုက်ထီးရိုးစေတီပတ်ဝန်းကျင် ဥပုဒ်နေ့များတွင် ပလက်စတစ်မသုံးရန် စီမံချက်ရေးဆွဲနေပြီဟုဆို

    -

    မင်းသူရိန်(မော်လမြိုင်၊ စက်တင်ဘာ ၁၉)

    ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပတ်ဝန်းကျင်၌ လာမည့် တောင်ဖွင့်ရာသီမှ စ၍ ဥပုဒ်နေ့များတွင် ပလက်စတစ် လုံးဝမသုံးရန် စီမံချက် ရေးဆွဲနေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “တကယ်တန်း အကောင်အထည် ဖော်ရင်တော့ အမှိုက်များကြီး လျော့သွားမှာပေါ့၊ နောက်တစ်ခုက ဆိုင်ခန်းတွေက ထွက်တဲ့အမှိုက်တွေကို တောင်ပေါ်မှာရှိတဲ့ အမှိုက်ဖျက်တဲ့စက်ကို အရောက်ပို့တဲ့ စနစ်ဘဲရှိတယ်၊ ဒါပေမဲ့ နောက်ကွယ်မှာ အမှိုက်တွေ အများကြီးရှိသေးတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

    ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပတ်ဝန်းကျင် အမှိုက်ပြသနာကို မည်ကဲ့သို့ဖြေရှင်းရန် ရေတိုရေရှည်စီမံချက်ရေးဆွဲပြီး မွန်ပြည်နယ်အစိုးရဖွဲ့ကို တင်ပြထားပြီးဖြစ်သည်။

    “ရင်ပြင်တော် ပတ်ဝန်းကျင်နဲ့ ဈေးဆိုင်တွေကိုပဲ စဉ်စားလို့ မရဘူး၊ ကျန်တဲ့ ကျီးကန်းပါးစပ်တို့ ရေတံခွန်တို့ ဘယ်လို ဝှက်နေကြလဲပေါ့၊ ကျူးထားတဲ့အိမ်တွေပေါ့ မိသားစုရွာလို့ဖြစ်လာတယ်၊ အဲဒီကနေ ထွက်နေတဲ့ အမှိုက်တွေကလဲ ရှိသေးတယ်”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    စေတီတော်တည်ရှိရာ တောင်ပေါ်သို့ ယူတင်သောအမှိုက် လျော့ချသောစနစ်နှင့် အမှိုက်ကို ဖြန့်ဖြူးသည့် ပုဂ္ဂိုလ်၊ ဆိုင်များနှင့် ဟိုတယ်များ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အမှိုက်သိမ်းစနစ် ကျင့်သုံးရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။

    “ကျိုက်ထီးရိုးစေတီရင်ပြင်တော်သို့ တက်ရောက်လာတဲ့ ဘုရားဖူးတွေဖြစ်ဖြစ်၊ စီးပွားရေးအရ ရပ်နေတည်နေကြတဲ့ ဆိုင်ခန်းတွေ စီ်းပွားရေးလုပ်ငန်းရှင်ဘဲဖြစ်ဖြစ် အကုန်လုံးသည် စနစ်တကျနဲ့ အမှိုက်တွေကို စွန့်ပစ်သင့်တယ်”ဟု ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ကျိုက်ထီးရိုးစေတီရင်ပြင်တော်နှင့် ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး မွန်ပြည်နယ်အစိုးရအဖွဲ့မှ စနစ်တကျဆောင်ရွက်ပေးရေးအဆိုကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အဌမအကြိမ်ပုံမှန်အစည်းအဝေး၌ ဒေါက်တာအောင်နိုင်ဦး တင်သွင်းခဲ့ပြီး ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

    ကျိုက်ထီးရိုး စေတီသို့ ဘုရားဖူးလာ ပြည်သူများနှင့် စားသောက်ဆိုင်များမှ ထွက်ရှိနေသော  အမှိုက်မှာ နေ့စဉ် နှစ်တန်မှ သုံးတန်ခန့်အထိ ရှိသည်။



    Photo- ကျိုက်ထီးရိုးဝန်းကျင်မှ ထွက်လာသောအမှိုက်(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks