spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတရားမျှတမှုအတွက် တိုင်းရင်းမီဒီယာခေါင်းစဉ်ဖြင့် မြစ်ကြီးနားတွင် သတ္တမအကြိမ်ညီလာခံကျင်းပ

    တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာခေါင်းစဉ်ဖြင့် မြစ်ကြီးနားတွင် သတ္တမအကြိမ်ညီလာခံကျင်းပ

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၆)

    တရားမျှတမှုအတွက် တိုင်းရင်းမီဒီယာ Ethnic Media for Justice ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့မှစတင်၍ ၃ ရက်တိုင်တိုင် သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

    ကချင်တိုင်းရင်းသားတို့အထွဋ်အမြတ်ထားရာ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားလှယ်၊ ဒေသခံရပ်မိရပ်ဖ၊ နိုင်ငံရေးအဖွဲ့အစည်း၊ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်း၊ မီဒီယာကွန်ယက်များ၊ သတင်းမီဒီယာဌာနများကို ကူညီပံ့ပိုးနေသော နိုင်ငံတကာအလှူရှင်များ ၂၀၀ ခန့် တက်ရောက်၍ ယနေ့နံနက် ၉ နာရီအချိန်တွင် အခမ်းအနားစတင်ခဲ့ခြင်း ဖြစ်သည်။

    ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနောင်က “တိုင်းရင်းမီဒီယာတွေဟာ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ အထူးသဖြင့် တိုင်းရင်းသားဒေသက သတင်းအချက်အလက်တွေကို ပြည်တွင်းသာမက နိုင်ငံတကာအထိ ပိုမိုသိရှိနားလည်စေဖို့၊ အရည်အသွေးပြည့်မီတဲ့ ဘက်စုံသတင်းမီဒီယာလုပ်ငန်းတွေ ဦးတည်လုပ်ဆောင်ဖို့ရည်ရွယ်ချက်နဲ့ ဒီလိုညီလာခံတွေကို ကျင်းပနေတယ်လို့ နားလည်ထားပါတယ်” ဟု ညီလာခံအဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။  

    ထို့ပြင် တိုင်းရင်းမီဒီယာများ ရေရှည်ရပ်တည်နိုင်ရေး၊ အရည်အသွေးပြည့်ဝသည့် အမျိုးသမီးသတင်းထောက်များ တိုးပွားစေရန်၊ တိုင်းရင်းသားစာပေသင်ကြားမှု တိုးတက်လာရန်၊ သတင်းရယူခွင့် တပြည်းညီရရှိမှုနှင့် သတင်းမီဒီယာလုံခြုံရေးတို့ကို ပြီးခဲ့သည့် ဆဌမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

    ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က “မီဒီယာရဲ့သြဇာဟာနိုင်ငံမှာ အများကြီးသက်ရောက်ပါတယ်။ နိုင်ငံအတွက်အရေးပါလို့ မီဒီယာကိုစတုတ္ထမဏ္ဍိုင်ရယ်လို့ဆိုတယ်။ တိုင်းပြည်ရဲ့အဖက်ဖက်က ယိုယွင်းနေတာတွေကို တင်ပြနေတာမီဒီယာပါ ခင်များတို့အားလုံးဟာ ကျနော့်ထက်တော်တဲ့သူတွေပါ။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်အားလုံး ပူးပေါင်းပါဝင်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။ ကျနော်တို့အားလုံးလိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်ဖို့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပါဝင်ပေးကြပါ” ဟု အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

    တိုင်းရင်းမီဒီယာ ၁၄ ဖွဲ့ဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသော နိုင်ငံတကာမြန်မာသတင်းအဖွဲ့ BNI က ဦးစီး၍ တိုင်းရင်းမီဒီယာညီလာခံများကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ၂၀၁၃ ခုနှစ်မှစတင်ကျင်းပပြီးနောက် တစ်နှစ်လျင် ပြည်နယ်များတစ်ခုချင်းဆီသို့ အလှည့်ကျ ကျင်းပခဲ့ခြင်းဖြစ်သည်။

    Photo- သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ(EPN)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks