Sunday, March 8, 2026
More
    spot_img
    Homeသတင်းMUP ပါတီက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဖွဲ့စည်း

    MUP ပါတီက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဖွဲ့စည်း

    -

    ရွှေရိုး(မော်လမြိုင်၊ ဇူလိုင် ၁၉)

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် (၉) ဦးပါဝင်သည့် ကော်မတီတစ်ရပ်ကို ဇူလိုင်လ ၁၈ ရက်က ကျင်းပသည့် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ ဖွဲ့စည်းခဲ့ကြောင်း ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

    “၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျုဟာတစ်ခုကို ရေးဆွဲဖို့ ဆုံးဖြတ်တယ်။ အဲဒီမဟာဗျုဟာရေးဆွဲရေးမှာ အဖွဲ့ဝင် (၉) ဦးပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ထားတယ်”ဟု နိုင်လယိတမက ပြောသည်။

    မွန်ညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ချမ်းတွဲ့ ဦးဆောင်၍ အဖွဲ့ဝင် (၈) ဦးဖြင့် ကော်မတီကို ဖွဲ့စည်းထားပြီး လုပ်ငန်းစဉ်များကို သြဂုတ်လကုန်တွင် အပြီးရေးဆွဲရန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

    ပါတီများပေါင်းစည်းသွားကြပြီးဖြစ်သည့်အတွက် မွန်ပြည်သူများနှင့် မွန်လူငယ်များပူးပေါင်းပါဝင်မှုကို အရေးကြီးနေကြောင်း မွန်လူငယ်ပညာပေးရေးအဖွဲ့ မင်းစိုက်ရော့ဒ်က ဆိုသည်။

    “အခုသူတို့လုပ်မယ့် အောင်နိုင်ရေးအစီအစဉ်တွေ ပြည်သူတွေကို ချပြသင့်တာပေါ့နော်၊ နောက်ပြီးတော့ အောင်နိုင်ရေးအတွက် ပါဝင်ပူးပေါင်းဖိတ်ခေါ်တဲ့ ပုံစံမျိုးတွေ ဖိတ်ခေါ်တဲ့အစီအစဉ်မျိုးတွေ အဲဒါတွေကို လမ်းဖွင့်ထားပေးဖို့လိုတယ်။ အဲဒီလိုလမ်းဖွင့်ပေးထားရင် လူတွေပိုပြီး ပါဝင်လာနိုင်မယ်။ ဒီလိုပါဝင်မှု မြင့်မားလာရင် အောင်နိုင်ရေးအစီအစဉ်တွေ အောင်မြင်လာမယ်”ဟု မင်းစိုက်ရော့ဒ်က ပြောသည်။

    မွန်ညီညွတ်ရေးပါတီ (MUP)ကို ဇူလိုင်လ ၁၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks