Sunday, April 19, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့တွင် အကြမ်းဖက်မှု ထပ်မံဖြစ်ပွားပါက ပစ်သတ်ရန် ညွှန်ကြားထား

    လမိုင်းမြို့တွင် အကြမ်းဖက်မှု ထပ်မံဖြစ်ပွားပါက ပစ်သတ်ရန် ညွှန်ကြားထား

    -

    ရွှေရိုး(လမိုင်း၊ မေ ၂၅)

    လတ်တလော လမိုင်းမြို့တွင် ဖြစ်ပေါ်နေသည့် တရားမဝင် ငွေစုမဲကိစ္စကို ဥပဒေကြောင်းအရဖြေရှင်းသွားရန်နှင့် အကြမ်းဖက်မှုများ ထပ်မံဖြစ်ပွားလာပါက ပစ်သတ်ခွင့်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ညွှန်ကြားထားသည်။

    ဒေသခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟ၊ မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနှင့် လမိုင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မေလ ၂၄ ရက်က လမိုင်းမြို့မ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်ရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ညွှန်ကြားထားခြင်းဖြစ်သည်။

    “အများကြီးလုပ်နေစရာအကြောင်း မရှိဘူး။ ဥပဒေအတိုင်းပဲ လုပ်ရမယ်။ ဆူဆူပူပူ မလုပ်နဲ့ ဥပဒေအေ ကြာင်းအရာမဟုတ်တာနဲ့ ပြုလာတယ်။ ရုန်ရင်းဆန်ခတ်ပုံစံနဲ့ ဖြစ်လာတယ်၊ လူမိုက်ပုံစံမျိုးနဲ့ လုပ်လာရင် ပစ်တဲ့အထိ ကျွန်တော်ခွင့်ပြုထားတယ်။ ဥပဒေကြောင်းအရ အဆင့်ဆင့်တားဆီးမယ်၊ ပြောဆိုမယ် မရရင် နောက်ဆုံးအဆင့် ပစ်သတ်ပလိုက် ကျွန်တော်တာဝန်ယူတယ်။ မီးရှို့တာတွေ့ရင် ပစ်သတ်ပလိုက် ရှင်းတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

    ကိုယ်စားလှယ်များ၏ စေ့စပ်ညှိနှိုင်းမှုနှင့် အုပ်ချုပ်ရေးအပိုင်းတို့ ရှင်းပြချက်အပေါ် ကျေနပ်နပ်မှုမရှိဘဲ ရုန်းရင်းဆန်ခတ် လူမိုက်ဆန်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်လာပါက ရဲတပ်ဖွဲ့ကို တရားဝင်စာထုတ်ပေးမည်ဖြစ်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ဒီကိစ္စဖြစ်နေတာက မိခိုင်ရည်မွန်နဲ့ မိငြိမ်းချမ်းတို့ ဒိုင်နှစ်ဦးဖြစ်တယ်။ မိခိုင်ရည်မွန်က ဟိုနေ့က ညှိနှိုင်းထားသလိုပဲ လောလောဆယ် သူ့ကို ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ အမှုလည်း ဖွင့်ထားတယ်။ ဒီကြားထဲမှာ သူ့ဘက်က ဘယ်လောက်အတိုင်းအတာထိ လျော်ပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ ညှိနှိုင်းပေးနေတယ်။ နောက်ပြီး သူ့ရဲ့နောက်မှာ ဘယ်သူတွေရှိလဲဆိုတာကို ဖော်ထုတ်သွားမယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    လမိုင်းမြို့တွင် လတ်တလောဖြစ်ပေါ်နေသည့်ကိစ္စနှင့် ပတ်သက်၍ တရားမဝင်ငွေစုမဲ လေလံဒိုင်ဆွေမျိုးတစ်ဦးအား မေလ ၂၃ ရက် ညနေပိုင်းခန့်က လက်နက်ဖြင့် အတင်းအကြပ်ခေါ်ဆောင်သွားသူ (၃) ဦးကို လုံခြုံရေးတာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် ဆောင်ရွက်ထားလျက်ရှိသည်။

    ထို့အတူ လမိုင်းမြို့မ ၃ ရက်ကွက် နေအိမ်တစ်ခု၌ မေလ ၂၅ ရက်နေ့၊ နံနက် ၃း ၀၀ နာရီခန့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

    တရားမဝင်ငွေစုမဲလေလံဒိုင်နေအိမ်နှင့် သက်ဆိုင်သော ဆွေမျိုးတို့၏နေအိမ် (၈) လုံးခန့်ကို မေလ ၂၂ ရက်နေ့က ဝင်ရောက်ဖျက်ဆီးဖောက်ထွင်းပြီး ရွှေငွေပစ္စည်းများကို လုယူခဲ့ကြသဖြင့် လက်ရှိတွင် လမိုင်းမြို့ပေါ်၌ လုံခြုံရေး ဆက်လက်တင်းကြပ်ထားဆဲဖြစ်သည်။

    Photo- လမိုင်းဆရာတော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ လုံနယ်ဝန်ကြီး ဆွေးနွေးကြစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks