spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းသက်ငယ်မုဒိန်းမှုတစ်ခုတွင် ငွေကြေးတောင်းခံသည်ဟုတိုင်ကြားခံရသဖြင့် မုဒုံမြို့မစခန်းမှူးကို စုံခုံဖွဲ့စစ်ဆေး

    သက်ငယ်မုဒိန်းမှုတစ်ခုတွင် ငွေကြေးတောင်းခံသည်ဟုတိုင်ကြားခံရသဖြင့် မုဒုံမြို့မစခန်းမှူးကို စုံခုံဖွဲ့စစ်ဆေး

    -

    ရွှေရိုး(မုဒုံ၊ မေ ၂၃)

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်မှ သက်ငယ်မုဒိန်းမှုတစ်ခုနှင့်ပတ်သက်၍ အမှုစစ်အဖြစ်ဆောင်ရွက်နေသော မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းသည် ကျူးလွန်သူနှင့် နစ်နာသူ၏ ဖခင်ထံမှ ငွေကျပ်တစ်သိန်း တောင်းခံခဲ့သည်ဟု တိုင်ကြားခံရသဖြင့် မေလ ၂၂ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဥက္ကဌ ကျိုက်မရောမြို့နယ်မှူး ယာယီရဲမှူး မင်းအောင်က ပြောသည်။

    ယာယီရဲမှူး မင်းအောင်က “မြို့မစခန်းမှူးက အမှုတစ်မှုကနေပြီးတော့ ပိုက်ဆံတစ်သိန်းယူတယ်ဆိုပြီးတော့ အဲဒီဟာကို facebook မှာလည်းပါတယ်။ အခုအဲဒီဟာကို လာစစ်ဆေးတာပါ”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ ငွေကြေးကျပ်တစ်သိန်း တောင်းခံခိုင်းသည့်ကိစ္စ မှန်ကန်မှုရှိမရှိ စုံခုံဖွဲ့စစ်ဆေးနေကြောင်း၊ လက်ရှိတွင် စစ်ဆေးမှု မပြီးစီးသေးသည့်အတွက် တိကျမှန်ကန်သည့်အဖြေကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ စစ်ဆေးတွေ့ရှိချက်များကို မေလ ၂၃ ရက်နေ့တွင် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “အခုက ကျွန်တော်တို့ မှီသလောက်တော့ လာစစ်ပေးတယ်။ အဲဒီဟာကို အကုန်စစ်ပြီးမှ အဖြေက မှန် မမှန်ကို ပေါ်မှာပေါ့၊ အခုလောလောဆယ်ကျတော့ ကျွန်တော်အတိအကျမပြောနိုင်သေးဘူး။ အကုန်လုံးစစ်ဆေးပြီးမှပဲ ပြောလို့ရမယ်”ဟု ယာယီရဲမှူး မင်းအောင်က ဆက်ပြောသည်။

    မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ ရွာကလေးအရှေ့ပိုင်းနေ ရာအိမ်မှူး ဦးမြင့်မှတဆင့် မုဒုံမြို့မစခန်းမှူးက ငွေကျပ်(၁) သိန်း တောင်းခံခိုင်းခဲ့ကြောင်း၊ ၎င်းငွေကို ဦးမြင့်မှ ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို San Lin Oo Facebook Account ဖြင့် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ထံ လိပ်မူ၍ တင်ပြထားကြောင်း မော်လမြိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    Photo-မုဒုံမြို့မ ရဲစခန်း(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts