Homeသတင်းမွန်လုပ်ငန်းရှင်အသင်းက Beyond Empowerment ဟောပြောပွဲအခမ်းအနား မော်လမြိုင်တွင်ကျင်းပ

မွန်လုပ်ငန်းရှင်အသင်းက Beyond Empowerment ဟောပြောပွဲအခမ်းအနား မော်လမြိုင်တွင်ကျင်းပ

-

မင်းလယီချမ်း(မော်လမြိုင်၊ မေ ၁၅)

မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်အသင်းက စီစဉ်သော Beyond Empowerment (A Developmental Strategy To Change- ဖွံ့ဖြိုးမှုဆိုင်ရာမဟာဗျူဟာမှ ပြောင်းလဲခြင်းသို့) ဟောပြောပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ယနေ့တွင် ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

လူငယ်များ၊ လုပ်ငန်းရှင်များစသည့် လူအားလုံးတို့၏ ပိတ်ဆို့နေသည့်အတွေးများ၊ မိမိကိုယ်ကို မလုပ်ရဲဖြစ်နေသည့် အတွေးလေးများကို မိမိကိုယ်ကိုယုံကြည်မှု Confident များရှိလာစေရန် ရည်ရွယ်၍ အခမ်းအနားစီစဉ်ပြုလုပ်ရခြင်းဖြစ်ကြောင်း မွန်တိုင်းရင်းသားလုပ်ငန်းရှင်အဖွဲ့(မွန်ပြည်နယ်) အတွင်းရေးမှူး နိုင်သိန်းဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“တက်ရောက်သူတွေအနေနဲ့ အကျိုးကျေးဇူးတွေ အများကြီး ရရှိလာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်၊ သူတို့ဆီမှာ မသိတဲ့စိတ်လေးတွေ သိလာအောင်၊ ကိုယ်ရဲ့အခွင့်အလမ်း၊ ကိုယ်ရဲ့ အခွင့်အရေး(Opportunity) တောင်မှ မသိတဲ့သူတွေ အများကြီးပဲ၊ ကိုယ်က ဘယ်လိုမျိုး ရှာဖွေရမလဲဆိုတဲ့ အတွေးလေးတွေ ပေါ်လာတယ်၊ ပြီတော့ ကိုယ်ကိုကိုယ်လည်း ယုံကြည်မှူတွေ ရှိလာတယ်၊ နောက်ထပ်ဆက်လုပ်ရမယ့် Plan လေးတွေက ပိုပြီးမြန်လာတယ်၊ ပြီတော့ ကိုယ်ဘာဆက် လုပ်ရမလဲဆိုတာရယ်၊ ယခင်က ကျွန်တော်တို့ Myself အတွေးတွေ မိရိုးဖလာက ဆင်းသက်လာတဲ့အတွေးတွေ ပျောက်ပျက်သွားပြီး ရှေ့ဘာဆက်လုပ်ရမလဲဆိုတာကို သိလာ မြင်လာနိုင်မယ်” ဟု နိုင်သိန်းဇော်က ဆိုသည်။

ဟောပြောပွဲအခမ်းအနားတွင် ဆရာမ ဒေါ်မေဖူးပွင့်က ဦးဆောင်ဟောပြောခဲ့ခြင်းဖြစ်ပြီး မြို့နယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများမှ သင်တန်းသားများ၊ လူငယ်များနှင့် ကျောင်းသားမိဘများ စုစုပေါင်း ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

အခမ်းအနားတက်ရောက်သူ မိနွန်ထောအံ့က “ဆရာမဒေါ်မေဖူးပွင့်စိုး ဟောပြောသွားတဲ့ Beyond Empowerment ခေါင်းစဉ်အောက်မှာ (A Developmental Strategy To Change) အကြောင်း၊ Gender နဲ့ ပတ်သက်တဲ့ ကျား/မ အကြောင်း၊ အမေးအဖြေကဏ္ဍတွေကလည်း အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်” ဟု ဆိုသည်။

Beyond Empowerment ဆိုသည့် ဟောပြောမည့်ခေါင်းစဉ်ကို ကြားယုံမျှနှင့် စိတ်ဝင်စားသွားကြောင်း၊ ဆရာမ မေဖူးပွင့်စိုးက မည်ကဲ့သို့ဟောပြောသွားမည်ကို သိချင်ကြားချင်ကြောင်း၊ ထို့နောက် Dahrah Learning Center ၏ Program Coordinator တစ်ဦးအနေဖြင့် သင်တန်းသား/သူများကို အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံများ ရရှိစေလိုသဖြင့် တက်ရောက်လာခြင်း ဖြစ်ကြောင်း မိနွန်ထောအံ့က ဆက်ပြောသည်။

မွန်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသအသီးသီးရှိ မွန်အင်အားစုများအား စုပေါင်းဝိုင်းဝန်းကူညီရန်၊ မွန်လုပ်ငန်းရှင်များအပြင် အခြားတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း ချိတ်ဆက်သွားရန်၊ မွန်တိုင်းရင်းသားအရေးတွင် တစ်ခန်းတစ်ကဏ္ဍမှ ပံ့ပိုးကူညီသွားရန် စသည့် ရည်ရွယ်ချက် များဖြင့် ၂၀၁၈၊ မေလ(၁၅) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်အသင်းကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်အသင်း ဟောပြောပွဲအခမ်းအနား(Thein Zaw)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts