spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမွန်အရပ်ဘက်လှုမှုအဖွဲ့အစည်းကွန်ရက် ဖွဲ့စည်းမည်

    မွန်အရပ်ဘက်လှုမှုအဖွဲ့အစည်းကွန်ရက် ဖွဲ့စည်းမည်

    -

    ရူပါဗလွဲ(မော်လမြိုင်၊ မေ-၂)

    အမျိုးသားရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်အတွက် မွန်အရပ်ဖက်လှုမှုအဖွဲ့အစည်း ကွန်ရက်တစ်ခုကိုဖွဲ့စည်းသွားမည်ဟု ကျင်းပပြီးစီးခဲ့သည့် မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

    အဆိုပါညီလာခံတွင် ဒေသအခြေစိုက်လူမှုအဖွဲ့အစည်း CBO များနှင့် အကြောင်းအရာများအလိုက် အခြေခံလှုပ်ရှားလျက်ရှိသော အရပ်ဘက်အဖွဲ့အစည်း CSO တို့မှ ကိုယ်စားလှယ် (၅၀) ဦးတို့ကို ရွေးချယ်ခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

    ညီလာခံဖြစ်မြောက်ရေးကော်မတီဥက္ကဌ မင်းအောင်ထူးက “နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍတွေပဲဖြစ်ဖြစ် ဘယ်ကဏ္ဍမှာမဆို အမျိုးသားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အရပ်ဘက်လှုမှုအဖွဲ့အစည်းတွေ ဝင်ရောက်ဆောင်ရွက်သွားဖို့ ခံယူထားကြတယ်” ဆိုသည်။

    အဆိုပါကွန်ရက်သည် မွန်အမျိုးသားနိုင်ငံရေးလုပ်ငန်းများကို ဝန်းရံဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ကိုင်ဆောင်ရွက်သွားရန်၊ ညီညွတ်ပြီးဖြစ်သည့် မွန်ပါတီများ၏ လုပ်ငန်းများကို ဝန်းရံဆောင်ရွက်သွားမည့်အပြင် မူဝါဒရေးရာ၊ မဟာဗျူဟာရေးရာနှင့် တစ်မျိုးသားလုံး၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မွန်ပညာရှင်များအဖွဲ့ (Think Tank) ကို ဖွဲ့စည်းထူထောင်သွားမည်ဖြစ်ကြောင်း ညီလာခံအပြီး ဧပြီလ ၂၈ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

    တစ်ဖွဲ့နှင့်တစ်ဖွဲ့ကို ကြိုးကိုင်လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ အတူတကွပေါင်းလုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စများကို အပြန်အလှန်ဝန်းရံသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီတည်ထောင်ခွင့် တောင်းဆိုထားဆဲဖြစ်သည့် မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က ပြောသည်။

    “အခုလိုအားလုံးပေါင်းစည်းကုန်တော့ မွန်အမျိုးသားအရေးအတွက် အချိန်ကောင်းဖြစ်နေတယ်။ မွန်အမျိုးသားနိုင်ငံရေးဘက်ကလည်း ပေါင်းစည်းထားတယ်၊ အခု အရပ်ဘက်လူမှုအဖွဲ့အစည်းပါ ပေါင်းစည်းလာနိုင်တဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြရင် အတူတကွ လက်တွဲလုပ်ဆောင်သွားကြမယ်”ဟု နိုင်စံတင်က ဆိုသည်။

    မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံကို ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ မွန်အရပ်ဘက်လှုမှုအဖွဲ့အစည်း (၆၄) အဖွဲ့မှ ကိုယ်စားလှယ် ၁၉၉ ဦးတို့က (၃) ရက်တာ တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


    Photo- မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းညီလာခံ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks