spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မော်လမြိုင်ခရိုင်တွင် မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများကို ဆက်တိုက်ဖမ်းဆီးရမိ

    မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ မော်လမြိုင်ခရိုင်တွင် မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများကို ဆက်တိုက်ဖမ်းဆီးရမိ

    -

    မင်းပိုင်(မတ် ၂၀)

    မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ထိန်းချုပ်ရာဒေသနှင့်ဆက်စပ်လျက်ရှိသော ကြာအင်းဆိပ်ကြီး၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့၌ မတ်လပထမအပတ်မှစတင်ပြီး မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများအား ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

    မုဒုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြား ဆက်သွယ်ထားသော အဘစ်-ခလယ်တံခွန်တိုင်လမ်းမပေါ်ရှိ သရက်ပင်နေရာအနီးတဝိုက်တွင် မတ်လ ၁၉ ရက်နေ့က WY ဆေးပြား (၄၆၀) ကျော်၊ ဘိန်းစာရွက်များနှင့်အတူ လူငယ် ၈ ဦးကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းမိသည်ဟု MNLA အမှတ် (၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး ဂျလွန်းထောက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “လောလောဆယ် မူးယစ်ဆေးဝါးအမှု ကျူးလွန်တဲ့လူငယ်အယောက် ၄၀ ကျော် ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ ဆက်တိုက်ဖမ်းဆီးမိနေတာရှိနေတော့ ဒီထက်လည်း အရေအတွက် ပိုများလာနိုင်တယ်” ဟု ၎င်းက ဆိုသည်။

    အထူးသဖြင့် WY မူးယစ်ဆေးပြားနှင့် ဘိန်းစာရွက်တို့ကို ဒေသခံလူငယ်များအကြား သုံးစွဲလျက်ရှိကြောင်း၊ ဘိန်းစာရွက်ကိုကျိုချက်ပြီး ကိုကာကိုလာအချိုရည်၊ ချောင်းဆိုးပျောက်ဆေးရည်တမျိုးမျိုးတို့ဖြင့် ရောစပ်၍ ကျေးရွာများတွင် လူငယ်များအပြင် လူကြီးအချို့လည်း တွင်ကျယ်စွာသုံးစွဲနေသည်ကို မြင်တွေ့ရကြောင်း ဒုတိယ ဗိုလ်မှုးကြီး ဂျလွန်းထောက ဆက်ပြောသည်။

    “မူးယစ်ဆေးဝါးကိစ္စကို ကိုင်တွယ်အရေးယူဖို့ ကျနော်တို့ပါတီမှာ ဥပဒေပြဋ္ဌာန်းထားတာ ရှိပါတယ်။ အဲဒီဥပဒေမှာပါတဲ့အတိုင်း ဖမ်းဆီးရမိတဲ့ တရားမဝင်မူးယစ်ဆေးဝါးတွေ ဘိန်းစာရွက်အနည်းအများအပေါ် မူတည်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူနေတာဖြစ်ပါတယ်” ဟု ပြောသည်။

    ထို့ပြင် မတ်လ ၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် လက်ဝါးဆိပ်ကျေးရွာ၌ ခြံမြေဧရိယာ တစ်ဧကပတ်လည်ခန့်တွင် စိုက်ပျိုးထားသည့် ဘိန်းစာရွက်အပင်များအား မွန်ပြည်သစ်ပါတီ လုံးခြုံရေးတပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးအသွင်ဖြင့်လှုပ်ရှားလျှက်ရှိပြီး ဖြစ်ပေါ်လာသောအနေအထားအရ တခါတရံ ဒေသခံအစိုးရအာဏာပိုင်များနှင့် ပူးတွဲ၍လည်းကောင်း၊ မိမိအစီအစဉ်ဖြင့်လည်းကောင်း ပြစ်မှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူနေသလို မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုကိုလည်း ရေးမြို့အရှေ့ဖက်ခြမ်း ဝယ်ဇင်ကျေးရွာအနီးတွင် ဖွင့်လှစ်ထားရှိကြောင်း မွန်ပြည်သစ်ပါတီမှ သိရှိရသည်။


    Photo- မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးရမိသော WY စာတမ်းပါ
    မူးယစ်ဆေးပြားများ(NMSP)




    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks