Homeသတင်း၂၀၁၈ ခုနှစ်အတွင်း မွန်ပြည်နယ်မုဒိမ်းမှုပိုမိုဖြစ်ပွား

၂၀၁၈ ခုနှစ်အတွင်း မွန်ပြည်နယ်မုဒိမ်းမှုပိုမိုဖြစ်ပွား

-

ရူပါဗလွဲ(မော်လမြိုင်၊ ဇန်-၉)

၂၀၁၈ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် မုဒိမ်းမှု ၈၀ မှုဖြစ်ပွားသဖြင့် ယမန်နှစ်ထက် ၁၉ မှုပိုမိုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ စာရင်းမှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်၌ မုဒိမ်းမှုပေါင်း ၆၁ မှု ဖြစ်ပွားခဲ့ပြီး ယမန်နှစ်တွင် ကျိုက်ထို ၈ မှု၊ ဘီးလင်း ၆ မှု၊ သထုံ ၇ မှု၊ ပေါင် ၃ မှု၊ မော်လမြိုင်၂၃ မှု၊ ချောင်းဆုံ  ၄ မှု၊ ကျိုက်မရော ၄ မှု၊ မုဒုံ ၆ မှု၊ သံဖြူဇရပ် ၃၊ ရေး ၁၆ မှု စုစုပေါင်းအမှုပေါင်း ၈၀ မှုဖြစ်ပွားသည့်အနက် သက်ငယ်မုဒိမ်းမှု ၅၇ မှု၊ သက်ကြီးမုဒိမ်းမှု ၂၃ မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က “နံပါတ် ၁ ကဆင်းရဲမွဲတွေမှုတွေက အခြေခံတာပေါ့နော် နံပါတ် ၂ က မူးယစ်ဆေးဝါးပေါ့၊ အဲ့ဒီနှစ်ခုကတော့ အဓိက အကြောင်းအရင်းဖြစ်လိမ့်မယ်လို့ တော့ထင်တယ်။ ဒါပေမယ့် သေသေချာချာဘာကြောင့် ဒါတွေဖြစ်လာလဲဆိုတဲ့ Research လုပ်ထားတဲ့ဟာတွေ မြန်မာပြည်မှာ အခုချိန်ထိ မရှိသေးဘူး” ဟု ပြောသည်။

မုဒိမ်းမှုလျော့ကျစေရန် ဆောင်ရွက်သည့်နေရာတွင် ကြီးလေးသောပြစ်ဒဏ်များချမှတ်ပေးသင့်သလို လိင်အကြမ်းဖက်မှုကို ကာကွယ်သည့် နည်းလမ်းများအား ပညာပေးသင့်ကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆက်ပြောသည်။
အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအစီအစဉ် ဒါရိုက်တာ မိချယ်ရီစိုးက “အရင်တုန်းကဆိုရင် အမှုဖြစ်လာပြီးဆို ဘယ်သူမှလည်း မတိုင်ကြဘူး ဖြစ်ပြီးရင်ပြီးသွားတာ။ အခုက တိုင်လို့ရမှန်းသိသွားတော့ တိုင်လာကြတယ်၊ နောက်တစ်ချက်က အချို့လူ တွေကကြတော့ ငါသူများအပေါ်အကြမ်းဖက်လို့ရတယ် အကြမ်းဖက်ရင်လည်း ဥပဒေက ဘာမှသိပ်မဖြစ်ဘူး ဖမ်းမယ့်လူလည်း မရှိဘူးဆိုတဲ့ ထင်နေတဲ့သူတွေလည်း ရှိတယ်။” ဟု ပြောသည်။

ယင်းအပြင် တာဝန်ရှိသူများအနေနဖြင့် မုဒိမ်းမှုတစ်ခုကို တရားစီရင်ရာတွင် အချိန်ကြန့်ကြာခြင်း၊ သက်သေများကို ခေတ်မှီစက်ပစ္စည်းများဖြင့် မရှာဖွေနိုင်ခြင်း စသည့်ပြဿနာများ ရှိနေကြောင်း သူက ဆက်ပြောသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ၂၀၁၈ ခုနှစ်အတွင်း မုဒိမ်းမှု၂၉၈ မှုအထိဖြစ်ပွားခဲ့သဖြင့် ယခင်နှစ်ထက် ၂၈ မှုအထိ ပိုမိုဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
Photo-Say No to Rape!(Internet)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts