spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအပြည်ပြည်ဆိုင်ရာတောင်များနေ့ဆုတောင်းပွဲအခမ်းအနား ရေးမြို့နယ်တောင်ပိုင်းတွင်ကျင်းပ

    အပြည်ပြည်ဆိုင်ရာတောင်များနေ့ဆုတောင်းပွဲအခမ်းအနား ရေးမြို့နယ်တောင်ပိုင်းတွင်ကျင်းပ

    -

    အပြည်ပြည်ဆိုင်ရာတောင်များနေ့ ဆုတောင်းပွဲအခမ်းအနားကို မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့အစည်း MACDO မှ ဦးဆောင်၍ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း၊ မန်ကျည်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

    အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဒေါက်တာခင်မောင်ညို၊ ရေးမြို့နယ် သစ်တောထိန်းသိမ်းရေးဌာနနှင့် ကျိုက်မရောမြို့နယ်မှ ဒေသခံတစ်ဦးတို့က သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ဟောပြောခဲ့ခြင်းဖြစ်သည်။

    ဒေါက်တာခင်မောင်ညိုက “တောင်နဲ့ရေတွေကြားမှာ နေရတဲ့သူတွေဟာ အလွန်မှချမ်းသာခြင်းပါ၊ ဒါကိုမေ့နေကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားပြီး အခက်အခဲတွေ တွေ့အောင် ပြုလုပ်ခြင်းဟာ အင်မတန်ဆိုးတယ်၊ ဒါကြောင့် ကိုယ့်သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောင့်တတ်တဲ့သူများဖြစ်ကြပါစေ” ဟု ဆိုသည်။

    အခြားနိုင်ငံများက သဘာဝပတ်ဝန်းကျင်ပျက်စီးမည်ကိုစိုးရိမ်သည့်အတွက် ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းများတွင် တောင်များမဖြိုချတော့ဘဲ မြေကြီးအောက်ဘက်မှ ကျောက်သားများကို တူးယူနေကြောင်း ဒေါက်တာခင်မောင်ညိုက ဆက်ပြောသည်။

    Photo- အပြည်ပြည်ဆိုင်ရာတောင်များနေ့ဆုတောင်းပွဲအခမ်းအနား(MNA)

    မွန်ဒေသရပ်ရွာဖွံ့ဖြိုးရေးအဖွဲ့အစည်းမှ ဒါရိုက်တာ နိုင်ဇြဟန်က “ သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ဘိုးဘွားတွေထိန်းသိမ်းခဲ့လို့သာ ကျွန်တော်တို့က အခုလိုနေနိုင်တယ်၊ တကယ်လို့ဒီသဘာဝပတ်ဝန်းကျင်ကို သူတို့မထိန်းသိမ်းခဲ့ဘူး ဆိုရင်၊ အခုချိန်မှာ ကျွန်တော်တို့အတွက်ဘယ်လိုရိုက်ခတ်မှုမျိုးရှိလာနိုင်မလဲမသိဘူး၊ ဒါကြောင့် အခုကျွန်တော်တို့ လက်ထက်မှာ ဒီသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်ဖို့ရည်ရွယ်ပြီး ဒီပွဲကျင်းပရတာ ဖြစ်တယ်”ဟု ဆိုသည်။

    အပြည်ပြည်ဆိုင်ရာ တောင်များနေ့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားရေးအဖွဲ့မှ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သော်လည်း မွန်ပြည်နယ်တွင် ယခုအခါ ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဒီဇင်ဘာ ၁၁ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာတောင်များနေ့ကို ဖားအံမြို့နယ် မရင်းကုန်းကျေးရွာတွင် သံလွင်အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၂ ရွာက တောင်များကို ထိန်းသိမ်းစောင့်ရှောက်သည့်ရည်ရွယ်ချက်ဖြင့် စုပေါင်းကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks