spot_img
Monday, May 20, 2024
More
    spot_img
    Homeသတင်းပဲခူးမွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဆီးချိုရောဂါဖြင့် ရုတ်တရက်ပျံလွန်တော်မူ

    ပဲခူးမွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဆီးချိုရောဂါဖြင့် ရုတ်တရက်ပျံလွန်တော်မူ

    -

    ဝံသမွန်(နိုဝင်ဘာ ၁၇)။ ။ မွန်ပြည်နယ် မော်လမြိုင်မြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ပဲခူး မွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ ဝါတော်(၅၈) သက်တော် (၇၈) နှစ်သည် သီတင်းသုံးရာကျောင်းတော်၌ ယနေ့နံနက် ၃ နာရီခွဲအချိန်ခန့်တွင် ဆီးချိုရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

    စာချဆရာတော် အရှင်ဥတ္တရက “ဆရာတော်ကို ရန်ကုန်ဆေးရုံတင်ပြီး ပြန်လာတာ၊ ည ၇ နာရီလောက်မှာ အသက်ရှူကြပ်လာဆိုလို့ သံဃာတော်တွေနင်းနှိပ်ပြုစုတော့ နည်းနည်းသက်သာလာတယ်၊ မနက် ၃ နာရီကျော်ကျော်လောက်မှာ တစ်ခါပြန်ဖြစ်တော့ ဘာမှလုပ်လို့မရတော့ဘူး” ဟု မိန့်ကြားသည်။

    ဆရာတော်၏ကြွင်းကျန်ရုပ်ကလာပ်အား လာမည့် တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်(နိုဝင်ဘာ ၂၆) တွင် ယာယီနိဗ္ဗာန်ကျောင်းသို့ ပြောင်းရွှေ့စံမြန်းရန် စီစဉ်လျက်ရှိပြီး ဈာပနအခမ်းအနား အစီအစဉ်ကို ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။

    Photo- ပဲခူး မွန်ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တသီလာစာရ(ရာမညနိကာယ)

    ဆရာတော်သည် သက္ကရာဇ် ၁၃၅၄ ခုနှစ်က “မဟာဂန္ထဝါစကပဏ္ဍိတ” ဘွဲ့ကိုလည်းကောင်း၊ ၁၃၆၁ ခုနှစ်က “အဂ္ဂမဟာဂန္ထဝါစဘဏ္ဍိတ” ဘွဲ့တဆိပ်တော်ကိုလည်းကောင်း၊ ၁၃၆၅ ခုနှစ်တွင် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တဆိပ်တော်ကိုလည်းကောင်း နိုင်ငံတော်မှချီးမြှင့်ခြင်းခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ရေးသားဖော်ပြထားသည်။

    ငယ်နာမည် မင်းသာငြိမ်း ဖြစ်သည့် ဆရာတော်သည် ကောဇာသက္ကရာဇ် ၁၃၀၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ သောကြာနေ့တွင် မွန်ပြည်နယ် လမိုင်းမြို့၌ ခမည်းတော် နိုင်ဂလိ၊ မယ်တော် မိပြဲ့တို့မှ ဖွားမြင်တော်မူခဲ့ပြီး မောင်နှမ ၁၀ ဦးအနက် တတိယမြောက်သား ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts