spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဂီတအစည်းအရုံး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

    မွန်ဂီတအစည်းအရုံး ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

    -

    ရွှေရိုး(နိုဝင်ဘာ ၉)။ ။ အလွှာပေါင်းစုံပါဝင်သော မွန်ဂီတအစည်းအရုံးဖွဲ့စည်းရေးအတွက် ကမကထဦးဆောင်သူ (၂၀) ဦးပါဝင်သည့် ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို နိုဝင်ဘာ ၈ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

    လက်ရှိမွန်ဂီတလောကတွင် တီးဝိုင်းအဖွဲ့များဖြစ်ကြသော ဂီတမွန်၊ MMB ၊ The Sheldrake Music Band ၊ The Light Music Band နှင့် ဝါရင့်မွန်ဂီတသမားများက မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင်စာကြည့်တိုက်၌ အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ကမကထဦးဆောင်သူတစ်ဦးဖြစ်သည့် ဇာတိနိုင်က “မွန်ဂီတအစည်းအရုံးဖြစ်မြောက်ရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီကော်မတီထဲမှာ လက်ရှိ မွန်ဂီတအဖွဲ့အားလုံးမှာ ဦးဆောင်နေသူတွေပါဝင်တယ်။ တစ်ဖွဲ့မှာ သုံးဦးပါဝင်တယ်။ နောက်ပြီး အစည်းအရုံးဖြစ်မြောက်ဖို့ ဆန္ဒရှိကြတဲ့သူတွေလည်း ပါဝင်တယ်”ဟု ပြောသည်။

    အစည်းအရုံးဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို မွန်ဂီတအဖွဲ့သစ်များ၊ အဆို၊ အရေး၊ အတီးနှင့် ပါဝင်သင့်သူများထံ ကိုယ်တိုင်သွားရောက်တွေ့ဆုံ ရှင်းလင်းသွားမည်ဖြစ်ကြောင်း အစည်းအရုံးဖြစ်မြောက်ရေး ကော်မတီ ဆုံးဖြတ်ချက်အရ သိရသည်။


    Photo-မွန်ဂီတအစည်းအရုံးဖြစ်မြောက်ရေးကော်မတီအစည်းအဝေး(MNA)

    မွန်အဆိုတော် ဟောင်းချမ်းက “ဒီနေ့ဒီအချိန်မှာ ဂီတအဖွဲ့တွေ များလာတယ်၊ ဒီအစည်းအရုံးကနေ သူတို့ရေရှည်ရပ်တည်နိုင်ဖို့အတွက် နည်းလမ်းရှာကြံသွားဖို့ လိုအပ်လာတယ်။ အစည်းအရုံးတစ်ခု အကောင်အထည်ဖော်ဖို့ တူညီတဲ့ဆန္ဒရှိကြမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်။ အဓိကတော့ လက်ရှိ မွန်ဂီတအဖွဲ့တွေမှာ ဦးဆောင်နေသူတွေ ပါဝင်လာဖို့က အရေးကြီးတယ်” ဟု ဆိုသည်။

    လွန်ခဲ့သည့် ၁၅ နှစ်လွန်ကာလများတွင် မွန်ဂီတအစည်းအရုံးတစ်ခုကို ၅ နှစ်ခန့်ပဏာမဖွဲ့စည်းနိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဦးဆောင်သူများ အသီးသီးနုတ်ထွက်ခဲ့ကြပြီးနောက် ရေရှည်မသွားနိုင်ခဲ့ကြောင်း ဝါရင့်မွန်ဂီတသမားများ သုံးသပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks