spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ယာဉ်ထိန်းရဲကို ကားဖြင့်တိုက် သေနတ်ဖြင့်ပစ်ခတ်သူ နိုင်ပိုက်ထွေးကို ဖမ်းဆီးမိပြီ

    မော်လမြိုင်ယာဉ်ထိန်းရဲကို ကားဖြင့်တိုက် သေနတ်ဖြင့်ပစ်ခတ်သူ နိုင်ပိုက်ထွေးကို ဖမ်းဆီးမိပြီ

    -

    ဝံသမွန်(အောက်တိုဘာ ၁၈)။ ။ မော်လမြိုင်မြို့ လေဆိပ်အနီး မြိုင်သာယာရပ်ကွက်၌ လွန်ခဲ့သည့်ရက်ပိုင်းက မော်တော်ယာဉ်ထိန်းရဲတစ်ဦးကို လိုင်စင်မဲ့မော်တော်ကားဖြင့်တိုက်၍ သေနတ်ဖြင့်ပစ်ခတ်သူ နိုင်ပိုက်ထွေး ဆိုသူအား အောက်တိုဘာ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “တရားခံကို မနက် ၅ နာရီခွဲအချိန်လောက်မှာ ဖမ်းမိတယ်၊ မြိုင်သာယာ၊ အမှတ် ၁၂ အထက အနားမှာ၊ လောလောဆယ်မှာတော့ တရားခံကို တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှု ပုဒ်မ၊ လူကိုသေစေချင်တဲ့ဆန္ဒနဲ့ ကားနဲ့တိုက်၊ သေနတ်နဲ့ပစ် လောလောဆယ် ပုဒ်မ ၄ ခု လောက် အမှုဖွင့်ထားတယ်” ဟု ရဲမှူးမြင့်ဝင်းက ဆိုသည်။


    Photo- သေနတ်ဖြင့်ပစ်ခတ်သူ နိုင်ပိုက်ထွေး(Facebook)

    အစိုးရထံ လက်နက်ချအလင်းဝင်ထားသော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ကဒ်ပြားကိုင်ဆောင်ထားသည့် နိုင်ပိုက်ထွေးသည် ၎င်း၏အမျိုးသမီး မိအေးမွန်နှင့်အတူ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်ဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က မုဒုံမြို့မှ မော်လမြိုင်မြို့သို့ သွားရောက်စဉ် ဒေါင်းစရပ်မီးပွိုင့်၌ မော်တော်ယာဉ်ထိန်းရဲ၏ စစ်ဆေးမှုကိုမခံယူဘဲ ထွက်ပြေးတိမ်းရှောင်ရင်း လိုက်လံဖမ်းဆီးသော ယာဉ်ထိန်းရဲနှင့်ဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီး သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်သည်။

    သေနတ်ဖြင့် လေး၊ ငါးချက်ခန့်မနည်း အဆိုပါပစ်ခတ်မှုတွင် ယာဉ်ထိန်းရဲ တပ်ကြပ် မျိုးဇော်ဦး၏ ဝဲဘက်ပါးရှပ်ထိဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်တက္ကသိုလ်ဘက်မှ ဆိုင်ကယ်မောင်းနှင်လာသူ မောင်အေးမင်းခန့် ဆိုသူလည်း ယာဘက်လက်ခုံဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

    ၎င်းပစ်ခတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သေနတ်နှင့် ကျည်ဆန်ခွံ ၄ ခုကို အခင်းဖြစ်ပွားရာအနီး ရေမြောင်း၌ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

    Photo- အခင်းဖြစ်ပွားသည့် လိုင်စင်မဲ့ကားနှင့် ယာဉ်ထိန်းရဲမော်တော်ဆိုင်ကယ်(Facebook)

    ထို့ပြင် ဆက်လက်စစ်ဆေးရာတွင် ယာဉ်ပေါ်ပါအမျိုးသမီးနှင့်အတူ သက်သေခံအဖြစ် သိမ်းဆည်းထားသော အဆိုပါလိုင်စင်မဲ့မော်တော်ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား၂၀၀ ပြားပါ အထုပ် ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂,၀၀၀ ပြားကိုလည်း ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ခေါင်းဆောင်အဆင့်ရှိ နိုင်အိုက်ချမ်း၊ နိုင်ရောင်တို့အား အခင်းဖြစ်ပွားသည့်နေ့က ခေါ်ယူတွေ့ဆုံစဉ် နိုင်ပိုက်ထွေးကို ၂၄ နာရီအတွင်း ဖမ်းဆီးခေါ်ဆောင်လာရန် သတိပေးခဲ့သည်။

    သို့ရာတွင် ပြစ်မှုကျူးလွန်သူ အဆိုပါ နိုင်ပိုက်ထွေး ဆိုသူသည် မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း၊ နိုင်ပိုက်ထွေး ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်ကဒ်ပြားသည် အတုဖြစ်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေး ယင်းတပ်ဖွဲ့မှ (စစ်ဦးစီး) ဗိုလ်မှူးကြီး နိုင်ရောင်က မော်လမြိုင်အခြေစိုက်မီဒီယာများမှတဆင့် ငြင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks