spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းတောင်ကိုးရီးယားနိုင်ငံ အင်ချွန်မြို့၌ မွန်ဘုန်းတော်ကြီးကျောင်း တည်ဆောက်မည်

    တောင်ကိုးရီးယားနိုင်ငံ အင်ချွန်မြို့၌ မွန်ဘုန်းတော်ကြီးကျောင်း တည်ဆောက်မည်

    -

    တောင်ကိုးရီးယားရောက် မွန်တိုင်းရင်းသားများ သာသနာအရေးဆောင်ရွက်နိုင်ရန်နှင့် လာရောက်တည်းခိုနိုင်ရန် ရည်ရွယ်၌ အင်ချွန်မြို့၌ မွန်ဘုန်းတော်ကြီးကျောင်း တည်ဆောက်ရန်စီစဉ်နေကြောင်း ကျောင်းထိုင်ဆရာတော် အသျှင်ဉာဏက မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

    အသျှင်ဉာဏက “ကျောင်းမြေအတွက် အပြီးအပိုင်ဝယ်ယူပြီးပါပြီ၊ စာရွက်စာတမ်းတွေလည်း တရားဝင်ရရှိပြီ၊ ၃ ထပ်ကျောင်းဆောင်ဆောက်ဖို့ စီစဉ်ထားတယ်၊ ကိုးရီးယာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မွန်တိုင်းရင်းသားတွေ အဓိကလှူဒါန်းခဲ့ပါတယ်” ဟု မိန့်သည်။

    တောင်ကိုးရီးယားနိုင်ငံရှိ မွန်ဘုန်းတော်ကြီးကျောင်း(MNA)

    ထို့အပြင် မော်လမြိုင်မြို့မှ ရာမညရဌ မွန်ဆရာတော် အသျှင်သီလစာရက အလှူငွေကျပ်သိန်း ၂၀၀၊ ဆရာတော်၏ဇာတိဖြစ်သည့် ရေးမြို့နယ် သောင်ပြင်ကျေးရွာမှ အလှူငွေကျပ်သိန်း ၅၀ နှင့် ဒေသအသီးသီးမှ မွန်တိုင်းရင်းသားအလှူရှင်များ ထည့်ဝင်ပေးခဲ့သည့်အပြင် သြစတေးလျနှင့် ကနေဒါနိုင်ငံရောက် မွန်တိုင်းရင်းသားအချို့လည်း ကျောင်းအလှူငွေပါဝင်ရန် ကမ်းလှမ်းထားသည်ဟု ဆိုသည်။

    “ကျောင်းဆောက်လုပ်လို့ပြီးတဲ့အခါကျရင် ကိုးရီးယားရောက်မွန်တွေအနေနဲ့ မွန်အမျိုးသားနဲ့ပတ်သက်တဲ့ အခမ်းအနားတွေ လွတ်လွတ်လပ်လပ်ကျင်းပနိုင်မယ်၊ ကိုးရီးယားရောက် မွန်တွေလည်း တစ်ဦးနဲ့တစ်ဦး ပိုမိုရင်းနှီးသိကျွမ်းလာကြမယ်၊ အလုပ်ပိတ်ရက်တွေမှာ ကျောင်းကိုလာရောက်ပြီးတော့ ဥပုဒ်စောင့်တာ၊ တရားထိုင်တာ ကျောင်းဝေယျာဝစ္စတွေကိုလည်း ဆောင်ရွက်နိုင်မယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

    တဖက်တွင်လည်း ကိုးရီးယားရောက်မွန်တိုင်းရင်းသားများအနေဖြင့် တည်းခိုစရာမရှိသူများ၊ အလုပ်ရှာဖွေသူများ၊ ဗီဇာသက်တမ်းတိုးသူများ၊ နေရာထိုင်ခင်းအဆင်မပြေသူများကိုလည်း ယာယီတည်းခိုနိုင်ရန် ဆရာတော်မှ ကူညီဆောင်ရွက်ပေးနေသည်ဟု သိရသည်။

    တောင်ကိုးရီးယားနိုင်ငံတွင် မွန်လူငယ် ၄၀၀ ကျော်ခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ကိုးရီယားမွန်အသင်း Mon Association- South Korea ကိုလည်းဖွဲ့စည်းထားရှိပြီး မွန်အမျိုးသားပညာရေးဌာနသို့ နှစ်စဉ် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks