Homeသတင်းကျပ်တစ်သောင်းတန် ငွေအတုပြုလုပ်သူ ၂ ဦးဖမ်းမိ ၁ ဦးလွတ်မြောက်

ကျပ်တစ်သောင်းတန် ငွေအတုပြုလုပ်သူ ၂ ဦးဖမ်းမိ ၁ ဦးလွတ်မြောက်

-

မွန်ပြည်နယ် သထုံမြို့၌ တစ်သောင်းတန် ငွေစက္ကူတန်ဘိုး ကျပ်ငွေသိန်း ၁၂၀၀ ကျော် အတုပြုလုပ်သူ ၂ ဦးကို စက်တင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးရမိသော်လည်း ကျန် ၁ ဦးလွတ်မြောက်နေကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

သထုံမြို့မရဲစခန်းမှ ဒု-ရဲမှူး မောင်မောင်က “တရားခံသုံးယောက်မှာ တစ်ယောက် ထွက်ပြေးနေတယ်။ နှစ်ယောက်ကိုတော့ ဖမ်းမိထားတယ်” ဟု ပြောသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ငွေအတုပြုလုပ်သည့်နေရာတွင် နေအိမ်ပိုင်ရှင် ဒေါ်ဌေးဌေးနှင့် ဇော်မင်းနိုင် (ခ) ကိုဇော် တို့ကိုဖမ်းဆီးမိခဲ့ပြီး ဘိုလေး(နာမည်စိစစ်ဆဲ) ဆိုသူ လွတ်မြောက်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါဖမ်းဆီးမှုတွင် တစ်သောင်းတန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်နှင့်အတူ ငွေအတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများကိုလည်း တပါတည်းသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ / ၁၀၆ ဖြင့် စက်တင်ဘာလ (၂၅) ရက်နေ့က သထုံမြို့နယ်ရဲစခန်း၌ အထက်ပါ ဖမ်းဆီးမိသူများအား အမှုဖွင့်စစ်ဆေးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts