spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းမြို့ဝင်ကြေးဂိတ်များ ရုပ်သိမ်းပေးရေး မွန်လွှတ်တော်တွင် အဆိုတင်သွင်း

    မြို့ဝင်ကြေးဂိတ်များ ရုပ်သိမ်းပေးရေး မွန်လွှတ်တော်တွင် အဆိုတင်သွင်း

    -

    ဝံသမွန်(စက်တင်ဘာ ၁၂)။ ။ မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်များကို ရုပ်သိမ်းပေးရန် စက်တင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။

    ဦးအောင်ကျော်သူက “အရင်ကလည်း စည်ပင်သာယာရေးဥပဒေအရ ကောက်ပိုင်ခွင့်ရှိတဲ့အခွန်ဖြစ်တယ်၊ ဒါပေမမယ့် ယခင်က BOT ကုမ္ပဏီတွေဖြစ်တဲ့ ရွှေသံလွင်တို့ AK တို့ကို လေလံစနစ်နဲ့ပေးခဲ့တဲ့နေရာမှာ ပေါင်းပြီးကောက်ခံတယ်ဆိုတော့ ပြည်သူတွေအတွက် သက်တောင့်သက်သာဖြစ်စေတယ်၊ အခုဟာကတော့ BOT မှာလည်းပေးရတယ်၊ မြို့ဝင်ဂိတ်မှာလည်းပေးရတယ်ဆိုတော့ ပြည်သူတွေအတွက် အနှောက်အယှက်ဖြစ်စေတယ်” ဟု ဆိုသည်။

    သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ အဆိုတင်သွင်းစဉ်(MNA)

    မွန်ပြည်နယ်တွင် BOT စနစ်ဖြင့် လမ်းအသုံးပြုခ ပေးဆောင်နေရသည့်အပြင် သက်ဆိုင်ရာစည်ပင်သာယာရေးဌာနမှ ကောက်ခံနေသည့် မြို့ဝင်ကြေးဂိတ်များကြောင့် ခရီးသွားပြည်သူများ စိတ်အနှောက်အယှက် ဖြစ်စေသည့်အတွက် ထိုမြို့ဝင်ကြေးဂိတ်များအား ရုပ်သိမ်းပေးရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

    ဦးအောင်ကျော်သူက “ဂိတ်တွေဖွင့်တာက ဥပမာ ရဲကင်းဖွင့်တာက လုံခြုံရေးအရဖွင့်တာက မှန်တယ်၊ ရဲကင်းမဟုတ်ပဲနဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေထားတာက ဘယ်လောက်အကျိုးသက်ရောက်မှု ရှိလို့လဲ၊ ဘယ်လောက်ကုန်ကျစရိတ်ရှိတယ်ဆိုတာကို ပြန်ချိန်ကြည့်ရမယ် ” ဟု ပြောသည်။

    တဖက်တွင် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် မြို့ဝင်ကြေးများမကောက်ခံဘဲ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်း စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် အခြားဘက်မှ ရသင့်ရထိုက်သည့် အခွန်များကို ပြန်လည်သုံးသပ်၍ ကောက်ခံသွားမည်ဆိုပါက မြို့ဝင်ကြေးကောက်ခံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။

    ထို့ပြင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ရန်အတွက် အစိုးရအနေဖြင့် အဖြေရှာဖွေရမည်ဖြစ်ကြောင်း၊ မြို့ဝင်ဂိတ်များ၌ အခွန်ကောက်သည်ထက် ကျောက်မိုင်းများတွင် ကျောက်ထုတ်လုပ်မှုပမာဏ စာရင်းအတိအကျယူပြီး အခွန်ကောက်ခံသွားမည် ဆိုပါက ပိုမိုရရှိမည်ဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာရေးနှစ်တွင်၊ မြို့ဝင်ကြေး ကောက်ခံနေသည့်ဂိတ်များ ပြန်လည်ရုပ်သိမ်းပေးရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

    ထို့အတူ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းသည့်အဆိုအပေါ် လက်ခံဆွေးနွေးသင့်ကြောင်း ရေးမြို့ယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ထောက်ခံဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

    ပြီးခဲ့သည့် ၂၀၁၇/ ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်မြို့ဝင်ကြေးဂိတ်များမှ ငွေကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရရုံးမှ သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts