Homeသတင်းမွန်ပါတီများ ဦးဆောင်၍ ၂၁ ရာစုပင်လုံအား သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်မည်

မွန်ပါတီများ ဦးဆောင်၍ ၂၁ ရာစုပင်လုံအား သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်မည်

-

Mon Unity Committee အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ဦးဆောင်ပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံအား ပြန်လည်သုံးသပ်ခြင်း (Review) ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားရန် စီစဉ်လျက်တွေ့ရသည်။

လာမည့် သြဂုတ်လ ၃၁ ရက်နဲ့ စက်တာဘာလ ၁ ရက်နေ့တို့တွင် မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမတွင် ၂ ရက်တာ ကျင်းပရန် လျာထားကြောင်း၊ AMDP နှင့် MNP ပါတီတို့မှ ကိုယ်စားလှယ် ထစ်ဝက်စီ စုစုပေါင် ၁၅၀ ဦးခန့် ဖိတ်ကြားသွားမည်ဟု စီစဉ်သူများထံမှ သိရသည်။

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ရေးမြို့မှာ ပြုလုပ်ခဲ့တဲ့ မွန်နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချမှတ်ထားတာတွေ ရှိတယ်။ အဲဒီအထဲမှာ တတိယအကြိမ် ပင်လုံညီလာခံကနေပြီး လက်တွေ့ကျတဲ့ ရပ်တည်ချက်၊ တောင်းဆိုချက်တွေ ဘယ်အတိုင်းတာအထိ ရခဲ့တာလဲဆိုတာ ပြန်လည်သုံးသပ်ဖို့ လိုတယ်” ဟု ဆိုသည်။

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(MNA)

ယင်းဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာ၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာမင်းနွယ်စိုးနှင့် မင်းဇေယျာဦးတို့က ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဆိုင်ရာတို့ကို ဟောပြောဆွေးနွေးကြမည့် အစီစဉ်လည်း ပါဝင်မည်ဟု သိရသည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်တာတွေ ပြောမယ်၊ ဖက်ဒရယ်အပိုင်းလည်း နည်းနည်းပြောမယ်။ တက်ရောက်သူတွေရဲ့ တင်ပြချက်တွေကိုလည်း သုံးသပ်သွားကြမယ်” ဟု မင်းနွယ်စိုးက ဆိုသည်။

လူမျိုးအလိုက် မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြီးခဲ့သည့်မေလဆန်းက ရေးမြို့တွင် ၃ ရက်ကြာ ကျင်းပခဲ့ရာ ရရှိလာသောအချက်အလက်များမှ လူမှုရေးနှင့် မြေယာအကြောင်းအရာအနည်းငယ်ကိုသာ ကျင်းပပြီ်းစီးခဲ့သည့် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးတင်ပြနိုင်ခဲ့သည်ဟု ညီလာခံတက်ရောက်သူ မွန်ကိုယ်စားလှယ်များထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts