spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပါတီပေါင်းစည်းရေးအခမ်းအနား စက်တင်ဘာလတွင်ကျင်းပမည်

    မွန်ပါတီပေါင်းစည်းရေးအခမ်းအနား စက်တင်ဘာလတွင်ကျင်းပမည်

    -

    AMDP, MNP မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်ရေးအဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေးပွဲ၌ ပေါင်းစည်းရေးအခမ်းအနားအား စက်တင်ဘာလတွင် ကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း မွန်သတင်းအေဂျင်စီ MNA မှ စုံစမ်းသိရှိရသည်။

    အဆိုပါပေါင်းစည်းရေးအခမ်းအနားကို မွန်အမျိုးသားကိုယ်စားပြု ပါတီတည်ထောင်ရေးအဖွဲ့က စက်တင်ဘာလ ပထမအပတ်တွင်၎င်း၊ မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီက တတိယအပတ်တွင်၎င်း အသီးသီးအဆိုပြုထားကြသည်။

    သြဂုတ် ၂၁ ရက်နေ့ မွန်ပါတီပေါင်းစည်းရေးတွေ့ဆုံဆွေးနွေးပွဲ(Facebook)

    “မွန်အမျိုးသားကိုယ်စားပြု ပါတီတည်ထောင်ရေးအဖွဲ့” အမည်အား မွန်နှစ်ပါတီပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်မှုကော်မတီ အသိအမှတ်ပြုကြောင်း MNA မှ လက်ခံရရှိခဲ့သော အချက် ၃ ချက်ပါ မွန်တစ်ပါတီဖြစ်မြောက်ရေးတွေ့ဆုံမှု မှတ်တမ်းအရ သိရသည်။

    ယင်းသို့ ပေါင်းစည်းရေးအခမ်းအနားပြီးဆုံးသည်နှင့် ပါတီမှတ်ပုံတင်လျှောက်ထားရေး လုပ်ငန်းစဉ်အား ဆောင်ရွက်သွားမည် ဖြစ်သည်။

    မော်လမြိုင်မြို့ရှိ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဗဟိုဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့သော ယနေ့ဆွေးနွေးပွဲတွင် မွန်နှစ်ပါတီမှ ဥက္ကဌနိုင်တင်အောင်နှင့် ဒုဥက္ကဌများ၊ အတွင်းရေးမှူးများ၊ မွန်အမျိုးသားကိုယ်စားပြု ပါတီတည်ထောင်ရေးအဖွဲ့မှ ခေါင်းဆောင် နိုင်တလညီ၊ နိုင်ရဲဇော်နှင့် အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြောင်း Mon Unity Committee- MUC Facebook ဓါတ်ပုံအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks