spot_img
Wednesday, June 19, 2024
More
    spot_img
    Homeသတင်းမွန် ၂ ပါတီနှင့် သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်

    မွန် ၂ ပါတီနှင့် သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP ပေါင်းစည်းရေးကော်မတီက မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့ကို တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှုရရှိပါက မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီနှင့် မွန်အမျိုးသားကုုိယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့တို့ လာမည့် ဇူလိုင်လ ၆ ရက်နေ့တွင် Royal Hinthar Hotel ၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး ဖြစ်သည်။

    ဇွန်လ ၃ ရက်နေ့တွင် ဒေါက်တာအောင်နိုင်ဦး၏ Online သတင်းစာရှင်းလင်းပွဲ၌ “အမှန်တော့ ဒီလာမယ့် ၉ ရက်နေ့မှာ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ထားတယ်။ တစ်ပါတီတည်းဖြစ်ရေးကို အဓိက ဦးစားပေးဆောင်ရွက်နေတယ်ဆိုတော့ ဒီ ၆ ရက်နေ့မှာ အချင်းချင်းဆွေးနွေးမှု အဆင်ပြေခဲ့ရင် ဒီကြားထဲမှာ အဆင်ပြေသွားရင် အခြားကိစ္စတွေ စဉ်းစားစရာမလိုတော့ဘူး။ ဒါပေမယ့် ဘာဖြစ်ဖြစ် ဒီကြားထဲမှာ တစ်ပါတီဖြစ်ရေးက ပိုပြီးအရေးကြီးတယ်”ဟု ပြောသည်။

    မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ ၂၁ ဦးအဖွဲ့မှ ဒေါက်တာအောင်နိုင်ဦး(MNA)

    မွန်နိုင်ငံရေးညီလာခံတွင် အချိုးကျပေါင်းစည်းမှုကို ချမှတ်ထားသော်လည်း မွန်နိုင်ငံရေးနှစ်ပါတီနှင့်တွေ့ဆုံရာ တွင် လိုအပ်ပါက ညှိနှိုင်းပေးသွားမည်ဖြစ်ပြီး အဆိုပါ မွန် ၂ ပါတီနှင့် တွေ့ဆုံသည့်အခါ ၂၁ ဦးအဖွဲ့၏ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ချပြပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီနေ့မှာ သဘောတူညီချက်ရရှိခဲ့ရင် ချက်ချင်းလက်မှတ်ထိုးချင်တယ်။ ဒီလထဲမှာပဲ အပြီးသတ်လုပ်ဆောင်ချင်တယ်။ ဆိုလိုချင်တာက မြန်မြန်နဲ့ ပြီးသွားစေချင်တယ်။ နိုင်ငံရေးက နောက်ကျကျန်နေလို့ မဖြစ်ဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မိမိတို့အဖွဲ့အနေဖြင့်လည်း မွန် ၂ ပါတီကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးလိုသည့် ဆန္ဒများရှိသဖြင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းလာသည့်အပေါ်  ၂၁ ဦးအဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားကြောင်း သိရသည်။

    သို့ရာတွင် မကြာမီက မွန် ၂ ပါတီ ပေါင်းစည်းရေး ထုန်ပြန်ချက်၌ နှစ်ပါတီပေါင်းစည်းပြီးမှသာ အခြားသော မွန်နိုင်ငံရေးအင်အားစုပါဝင်လာမည်ဆိုသည့်အချက်အပေါ် နားလည်မှုလွဲမှားသွားနိုင်ကြောင်း မွန်အရေးလေ့လာသူ နိုင်ပညာမွန်က ဆိုသည်။

    “အားလုံးက ရည်မှန်းချက်ပန်းတိုင်တစ်ခုပဲသွားနေတယ်။ ကျွန်တော်တို့ မွန်နိုင်ငံရေးပါတီတွေ တစ်ပါတီဖြစ်ခဲ့မယ်ဆိုရင် ရွေးကောက်ပွဲအချိန်ကျရင် မွန်မဲတွေ မကွဲစေဖို့ပဲ။ အဓိကတော့ ဒီအချက်ပဲ။ မွန်နိုင်ငံရေးနှစ်ပါတီနဲ့ မွန်အမျိုးသားကိုယ်စားပြုပါတီတို့က ရည်မှန်းချက်ပန်းတိုင်တူတယ်”ဟု နိုင်ပညာမွန်က ပြောသည်။

    ရွေးကောက်ပွဲကော်မရှင်၏နည်းဥပဒေနှင့်အညီ မွန် ၂ ပါတီ၏အမည်တို့ကို အသစ်ပြောင်းလဲ၍ ပါတီသစ်တစ်ခု ပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပါတီသစ်အမည်ကို အကြံပြုနိုင်ကြောင်း နှစ်ပါတီခေါင်းဆောင်များက ပြောသည်။  

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,200SubscribersSubscribe
    spot_img

    Latest posts