spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ရှိ ခနောက်စိမ်းသန့်စင်စက်ရုံ လူထုအပေါ်ထိခိုက်နစ်နာစေမှုများအား သတင်းစာရှင်းလင်း

    မော်လမြိုင်မြို့ရှိ ခနောက်စိမ်းသန့်စင်စက်ရုံ လူထုအပေါ်ထိခိုက်နစ်နာစေမှုများအား သတင်းစာရှင်းလင်း

    -

    မော်လမြိုင်မြို့ရှိ ခနောက်စိမ်းသန့်စင်စက်ရုံနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲ(MNA)

    မော်လမြိုင်စက်မှုဇုံရှိ ခနောက်စိမ်းသန့်စင်စက်ရုံများ၏ လူထုအပေါ် များစွာထိခိုက်နစ်နာစေမှုများအား ပြည်နယ်အစိုးရထံ တိုင်ကြားသော်လည်း လစ်လျူရှုနေရသည့်အတွက် ဇွန်လ ၂၃ ရက်နေ့က မော်လမြိုင်စက်မှုဇုန်ရှိ မြို့တော်ဦးကျောင်းတိုက်၌ ဒေသခံများမှ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

    “ဒီပွဲလုပ်တဲ့ရည်ရွယ်ချက်က ပြည်နယ်အစိုးရထံကို တိုင်စာတက်တယ်။ ဒါပေမယ့်အရေးယူဆောင်ရွက်ပေး ခြင်းမရှိသေးတဲ့အတွက် အရေးယူဆောင်ရွက်ပေးပါရန်အလို့ငှာ ပြည်နယ်အစိုးရလည်း သိစေချင်ပါတယ်။ ပြည်ထောင်စုအစိုးရကိုလည်းသိစေချင်ပါတယ်။ သမ္မတလည်းသိစေချင်ပါတယ်။ အဲ့ဒီအပြင်ကို ဒီစက်မှုဇုံမှာရှိတဲ့ ခနောက်စိမ်းသန့်စင်စက်ရုံ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ဆိုးကျိုးတွေမခံစားရလေအောင် စည်းကမ်းတကျ ဥပဒေအတိုင်းဖြစ်အောင် လုပ်စေချင်ပါတယ်” ဟု လူ့အခွင့်အရေးနှင့် တရားမျှတရေးစွမ်းဆောင်သူများအဖွဲ့မှ ကိုဂျင်မီက ပြောသည်။

    စက်မှုဇုံက တာဝန်ရှိသူ နှစ်ဦးနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ ခံစားနေရသည့်ကိစ္စကို ပြန်လည်စိစစ်ပေးမည်ဆိုသည့်အဖြေရရှိခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် စက်ရုံကို ပိတ်သိမ်းပေးရန် ပြောဆိုနေခြင်းမဟုတ်ဘဲ စက်ရုံအလုပ်ရုံများက မိမိတို့နိုင်ငံအတွက် အကျိုးရှိနေသည်ကို မှန်ကန်သော်လည်း စက်ရုံမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်မှ ထိခိုက်စရာမရှိရေးအတွက် အရေးကြီးကြောင်း ကိုဂျင်မီက ဆိုသည်။

    “ခနောက်စိမ်းစက်ရုံကဝေးပေမယ့် အဲ့ဒီစက်ရုံကထွက်တဲ့အငွေ့တွေ၊ ကျောက်ကိုကြိတ်လို့ ထွက်လာတဲ့အမှုံတွေက စက်ရုံရှိနေတဲ့ အောက်ကနေ အပေါ်ကိုလှန်ထွက်လာတယ်။ သူ ့ရဲ ့အနံ့က နှာခေါင်းကနေပြီးရှူပြီးရင် ပါးစပ်ထဲငုံထားလိုက်ပြီးမှ လေပြန်ထုတ်လိုက်ရင် ပါးစပ်ထဲမှ ချွဲပြီးကျန်ခဲ့တယ်။ မီးခိုးရဲ ့အနံ့က (၂၄) နာရီပတ်လုံး လေသင့်တိုင်းအနံ့ ခံနေရတယ်။ အနံ့မနံတဲ့နေရာလို့တော့ မရှိပါဘူး။ လေသင့်သလို့ အလှည့်ကျရှူနေရပါတယ်။ အဲဒီအနံ့နဲ့လွတ်ကင်းတဲ့နေရာ စက်မှုဇုန်မှာမရှိပါဘူး” ဟု မော်လမြိုင်စက်မှုဇုံရှိ ကောင်းမြတ်သံရည်ကြိုစက်ရုံမှ ကိုသန့်စင်က ပြောသည်။

    သို့ရာတွင် မိမိတို့စက်ရုံမှာ ၂၀၁၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ စံနှုန်းများနှင့်အညီဆောင်ရွက်ထားပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလည်း စက်ရုံ၏ လေထု၊ မြေထုအခြေအနေများကို လာရောက်တိုင်းတာထားမှုများရှိခဲ့သည့်အပြင် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများလည်း ရှိခဲ့ကြောင်း မော်လမြိုင်စက်မှုဇုံရှိ Myanmar Shing Shing Metal ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်ရတနာလင်းအောင်က ဆိုသည်။

    “လက်ရှိအချိန်အထိ ကျွန်မတို့စက်ရုံက ဥပဒေပါ စံနှုန်းတွေနဲ့အညီရှိနေပါတယ်။ အခု ပတ်ဝန်းကျင်မှာ အနံ့တွေ နံနေတယ်လို့ ပြောနေကြတာတွေရှိပါတယ်။ အဲ့ဒီကိစ္စကို ကျွန်မတို့ကိုယ်တိုင်စဉ်းစားလို့ မရဘူးဖြစ်နေတယ်။ အနံ့နံတယ်ဆိုတဲ့ကိစ္စကို ကျွန်မတို့အနေနဲ့ ဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး စက်ရုံအရှေ့မှာ ဆိုင်းဘုတ်ထောင်ထားပါတယ်။ စက်ရုံက အနံ ့ထွက်နေတယ်လို့ ယူဆလို့ရှိရင် ဆိုင်းဘုတ်မှာပါတဲ့ ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ လာကြည့်ပါ။ အနံ့နံတယ်ဆိုတာနဲ့လာကြည့်လို့ရပါတယ်။ မေးမြန်းပါ။ ကျွန်မတို့အနေနဲ့ရှင်းပြဖို့ အဆင်သင့်ပြင်ထားပါတယ်”ဟု ၎င်းက ပြောသည်။

    မော်လမြိုင်စက်မှုဇုန်၌ ခနောင့်စိမ်းသတ္တုသန့်စင်စက်ရုံ (၆) ရုံရှိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ မြန်မာရှင်းရှင်းခနောင့်စိမ်းစက်ရုံ၊ မြန်မာဆန်းဇော်ခနောက်စိမ်းစက်ရုံနှင့် အရှေ့မြောက်ဆင်ဖြူတော်ခနောင့်စိမ်းစက်ရုံအား ပြည်နယ်အစိုးရမှ လည်ပတ်ခွင့်ပြုထားကြောင်း မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသ်ိမ်းရေးဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks