Homeသတင်းရေးမြို့-ငြိမ်းချမ်းရေးလူထုစကားဝိုင်း ရေကြီးသဖြင့် ရက်ရွှေ့ဆိုင်း

ရေးမြို့-ငြိမ်းချမ်းရေးလူထုစကားဝိုင်း ရေကြီးသဖြင့် ရက်ရွှေ့ဆိုင်း

-

ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေးမြို့ပေါ် ရေကြီးမှုကိုမြင်တွေ့ရစဉ်(Nai Ko Thu)

မွန်ပြည်နယ်အတွင်း ဇွန်လ ၁၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ မြို့ပေါ်ရပ်ကွက်အချို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းအချို့ ရေကြီးပြီးရေးလွှမ်းမိုးမှုကြောင့် ရေးမြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး လူထုစကားဝိုင်းကို ရက်ရွှေ့ဆိုင်းလိုက်ရကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်းကို ဇွန်လ ၁၇ ရက် နံနက် ၉ နာရီအချိန်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရေး-မော်လမြိုင် အဝေးပြေးကားလမ်းကြီး နေရာအနှံ့အပြားတွင် ရေလွှမ်းမိုးခြင်း၊ ရေးမြို့ပေါ်နှင့် ကျေးရွာများတွင် ရေးဘေးဒုက္ခသည်ကိစ္စ အရေးပေါ်ကြုံတွေ့လာရသဖြင့် ရက်ရွှေ့ဆိုင်းလိုက်ရသည်ဟု ပွဲစီစဉ်သူ နိုင်ကိုသူက ပြောသည်။

နိုင်ကိုသူက “ရေးမြို့ပေါ်နဲ့ ရွာတွေမှာလည်း ရေဘေးဒုက္ခသည်ကိစ္စ အရေးပေါ်ဖြစ်လာတဲ့အတွက် ဒီကနေ့ကျင်းပမယ့် ငြိမ်းချမ်းရေးလူထုစကားဝိုင်းဟောပြောပွဲကို ရက်ရွှေ့ဆိုင်းလိုက်တယ်၊ မိုးလေဝသအခြေအနေနဲ့ ဟောပြောသူတွေနဲ့ ပြန်လည်ညှိနှိုင်းပြီးမှ ကျင်းပမယ့်ရက်ကို ပြန်လည်ထုတ်ပြန်သွားမယ်” ဟု ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေး လူထုစကားဝိုင်း ဟောပြောပွဲတွင် မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ဟံသာ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးဌေးသိမ်း(ခ)နောင်ကျော်နှင့် တကောင်းနိုင်ငံရေးလေ့လာမှုအရပ်ဘက်အဖွဲ့အစည်းမှ ဦးရဲမျိုးသိမ်းတို့ ဦးဆောင်ဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူထုစကားဝိုင်းသို့ တက်ရောက်ရန်ကြိုးစားခဲ့သူ မုဒုံမြို့နယ်မှ နိုင်အောင်က “ကျွန်တော်တို့က ရေးမြို့မှာ ကျင်းပမယ့် ဟောပြောပွဲကို သွားဖို့ပါ။ နှီးပဒေါရောက်တော့ ရေးကြီးနေတယ်။ ကားလည်း ဖြတ်လို့မရဘူး။ မနက် ၆ နာရီကတည်းက ဒီနေရာကို ရောက်နေတယ်”ဟု ပြောသည်။

ဇွန်လ ၁၇ ရက်နေ့က လေပြင်းများတိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်နေရာအနှံ့တွင် အိမ်ခြေ ၃၅၀၅ ရေဘေးသင့်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts