Homeသတင်းဝင်းဖနုံဆည် ကွဲအက်နေသည့်သတင်း မဟုတ်မှန်ဟု မုဒုံဆည်မြောင်းဦးစီး ပြော

ဝင်းဖနုံဆည် ကွဲအက်နေသည့်သတင်း မဟုတ်မှန်ဟု မုဒုံဆည်မြောင်းဦးစီး ပြော

-

ဝင်းဖနုံဆည်(Facebook)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအနီးရှိ ဝင်းဖနုံဆည် ကွဲအက်နေသည်ဟု ဇွန်လ ၁၈ ရက်ညနေပိုင်းခန့်က သတင်းများထွက်ပေါ်နေသည်ကို မဟုတ်မှန်ကြောင်း မုဒုံမြို့နယ် ဆည်မြောင်းဦးစီးမှူး ဦးအောင်စိုးထက်က ပြောသည်။

“ဆည်ကတော့ ဘာမှ မဖြစ်ပါဘူး။ ကြံ့ခိုင်မှုရှိပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ဒါကတော့ ဘယ်သူ ဘယ်သူကတော့ ဖွလိုက်လဲမသိဘူး။ ကျွန်တော်တို့ တမံကတော့ ကျွန်တော်ဘဝနဲ့ ရင်းပြီး အာမခံလို့ရတယ်။ ကျွန်တော်တို့တမံတွေက မနေ့ကမိုးကြီးတော့ သွားရောက်စစ်ဆေးခဲ့ပြီးပါပြီး။ တမံအောက်မှာ ရှိနေတဲ့ပြည်သူလူထုတွေ နည်းတာမှ မဟုတ်တာ သတိပေးမှာပေါ့။ ကျွန်တော် ဘယ်အဖြစ်ခံမလဲ။ ကျွန်တော်တို့က အချိန်မှီ သတင်းထုတ်ပြန်ဖို့ မြို့နယ်မှာလည်း အဖွဲ့တွေ ဖွဲ့ထားတယ်”ဟု ဦးအောင်စိုးထက်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ညအချိန် ၁၀ နာရီခန့်က ဆည်မြောင်းအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဆည်မြောင်းဦးစီး၊ ခရိုင်ဆည်မြောင်းဦးစီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးတို့က ကောလဟာလသတင်းများကို လာရောက်ရှင်းလင်းလျက်ရှိကြောင်း မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ထင်က ပြောသည်။

“မနေ့က ရေကြီးသွားတဲ့အတွက် ဆည်ကြံ့ခိုင်ရေး ကောင်းမကောင်း လာရောက်စစ်ဆေးကြတာပါ၊ လူတွေက အထင်လွဲပြီးတော့ တောင်ပြော မြောက်ပြောဖြစ်ကြကုန်တယ်”ဟု ဦးကျော်ထင်က ပြောသည်။

ဝင်းဖနုံဆည်ကွဲအက်နေသည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်သည့်အတွက် ဆည်အနီးရှိ အဘစ်၊ ဒိုးမား၊ ထုံးမံ၊ ဆက်သွယ်၊ ကွမ်ကဗွီး၊ တောင်ပ၊ ကလော့သော့နှင့် နှီးပဒေါကျေးရွာဒေသခံတို့ အထိတ်တလန့် ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက် Facebook သတင်းများတွင် တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts