spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာရေးထိန်းဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းမည်

    ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာရေးထိန်းဂေါပကအဖွဲ့ ပြန်လည်ဖွဲ့စည်းမည်

    -

    ကျိုက်ထီးရိုး ဆံတော်ရှင်(Internet)

    မွန်ပြည်နယ်၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်သည့်အတွက် ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    “ကြီးကြပ်ရေးအဖွဲ့ကို လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ဖွဲ့စည်းပေးခဲ့တယ်။ လက်ရှိမှာတော့ ယာယီဂေါပကအဖွဲ့ပဲ ရှိနေတယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

    ကျိုက်ထီးရိုးဂေါပကအဖွဲ့သစ်ရွေးချယ်ရေးအတွက် နာယကဖြစ်သည့် ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် သြဝါဒစရိယဆရာတော်ကြီးများထံတွင် သဘော တူညီချက်ရယူထားပြီးဖြစ်ကာ ကျိုက်ထိုမြို့မမြို့ဖ (၂)ဦး ကိုလည်း ရွေချယ်ထား၍ ကြီးကြပ်ရေးအဖွဲ့ကိုလည်း အတည်ပြုထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

    ဂေါပကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လိုသူများသည် ရက်ပေါင်း (၃၀) အတွင်း အမည်စာရင်း တင်သွင်းလျှောက်ထားနိုင်ပြီး အများပြည်သူသိရှိစေရန်အတွက် ကြီးကြပ်ရေးအဖွဲ့မှ ကြေညာစာကပ်ထားရမည်ဟု ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ စည်းမျဉ်းတွင် ပါရှိသည်။

    ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့စည်းမျဉ်းများအရ ကြီးကြပ်ရေးအဖွဲ့တွင် မွန်ပြည်နယ်အ စိုးရအဖွဲ့က တာဝန်ပေးအပ်သူ (၂)ဦး၊ မွန်ပြည်နယ်သာသနာရေးမှူး၊ ကျိုက်ထိုမြို့နယ်အတွင်းနေထိုင်သူ မြို့မိမြို့ဖ (၂)ဦး၊ ဂေါပကအဖွဲ့က ရွေးချယ်ပေးသည့် ဂေါပကအဖွဲ့ (၂)ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်က အတည်ပြုခဲ့သည့် ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ စည်းမျဉ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts