Saturday, April 11, 2026
More
    spot_img
    Homeသတင်းမွန် ၂ ပါတီပူးပေါင်း၍ ဖက်ဒရယ်သင်တန်းဖွင့်လှစ်

    မွန် ၂ ပါတီပူးပေါင်း၍ ဖက်ဒရယ်သင်တန်းဖွင့်လှစ်

    -

    AMDP+ MNP ဖက်ဒရယ်ရေးရာသင်တန်း(MNA)

    မွန်အမျိုးသားပါတီ (MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)တို့ ပူးပေါင်း၍ ဖက်ဒရယ်စနစ် အခြေခံသဘောတရားသင်တန်းတရပ်ကို မုဒုံမြို့၊ မွန်အမျိုးသားပါတီရုံး၌ မေလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း နှစ်ပါတီတာဝန်ရှိသူများက ပြောသည်။

    “ကျွန်တော်တို့ ပါတီဝင်တွေ အောက်ခြေက လူငယ်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဖို့ နားလည်မှုတွေ ယုံကြည်မှုတွေ ယူဖို့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တစ်ပါတီနဲ့တစ်ပါတီက ပေါင်းစည်းဖို့အတွက် အောက်ခြေတွေက ဒါတွေကို နားလည်ဖို့ လိုအပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုတွေ ယုံကြည်မှုတွေ ရှိဖို့ လိုအပ်တယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောသည်။

    သင်တန်းသား ၇၀ ဦးခန့်တက်ရောက်လျက်ရှိသည့် အဆိုပါ ၂ ရက်တာသင်တန်းတွင် မြို့နယ်/ကျေးရွာအဆင့်ပါတီဝင်များအား အတူတကွတက်ရောက်ခြင်းဖြင့် တစ်ပါတီနှင့် တစ်ပါတီ ခင်မှုများ၊ ယုံကြည်မှုများရှိ လာသည့်အခါ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရေး ပိုမိုအဆင်ပြေချောမွေ့လာလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

    ထို့ပြင် မြို့နယ်အလိုက် တွေ့ဆုံရှင်းလင်းပွဲများ ဆက်လက်ဆောင်ရွက်သွားရန် အစီအဉ်များ ရှိနေပြီး ခေတ္တခဏရပ်နားထားသည့် နှစ်ပါတီပေါင်းစည်းရေးကိစ္စကို ဆက်လက်ဆောင်ရွက်သွားမည့်အပြင် လာမည့် ဇွန်လ ပထမအပတ်တွင် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန်အတွက် ညှိနှိုင်းထားပြီးဖြစ်ကြောင်းလည်း နိုင်စံတင်က ဆက်ပြောသည်။

    “ကျွန်တော်တို့ မွန်လူမျိုးအနေနဲ့ တစ်ပါတီတည်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့နေရာမှာ ပါတီဝင်တွေ ကိုယ်တိုင်က ပါတီခေါင်းဆောင်တွေ ညှိနှိုင်းနေတာတွေကိုလည်း ထဲထဲဝင်ဝင် သိလည်း သိရအောင် ပါတီပူးပေါင်းရေးမှာ လိုအပ်နေတဲ့အချက်တွေ ပါတီဝင်တွေက နှစ်ဦးနှစ်ဖက် ခင်မင်မှု ယုံကြည်မှုရအောင် ကျွန်တော်တို့ ဒီလိုဆောင်ရွက်တာဖြစ်တယ်” ဟု မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စံလှိုင်က ပြောသည်။

    မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပေါင်းစည်းရေးလုပ်ဆောင်နေသည့်ကိစ္စတွင် နှစ်ပါတီပေါင်းစည်းရေးကိစ္စကို ဟန်ပြလုပ်နေခြင်း၊ အယောင်အဆောင်လုပ်နေခြင်းနှင့် အချိန်ဆွဲနေခြင်းဟု ပြောဆိုဝေဖန်နေသူများရှိ်နေပြီး ဝေဖန်သူများ ရှိသည်ဖြစ်စေ ပေါင်းစည်းရေးကိစ္စနှင့် ပတ်သက်သည့် အကျိုးရှိသည့်အလုပ်ကို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    မွန်ပြည်နယ်အခြေစိုက် မွန်လူထုဆုံရပ်နှင့် Federal Training Team မှ ဖက်ဒရယ်ရေးရာကျွမ်းကျင်သူ ဆရာများအား မွန်နိုင်ငံရေး ၂ ပါတီက ဖိတ်ကြား၍သင်တန်းပြုလုပ်ခြင်းဖြစ်ကြောင်း မွန်လူထုဆုံရပ်မှ မင်းချမ်းထိုက်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks