spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြုဇရပ်မြို့မိန်ဗလာတောင်တွင် ကုမ္ပဏီတစ်ခုအား ကနဦးစူးစမ်းလေ့လာခွင့်ပြုထား

    သံဖြုဇရပ်မြို့မိန်ဗလာတောင်တွင် ကုမ္ပဏီတစ်ခုအား ကနဦးစူးစမ်းလေ့လာခွင့်ပြုထား

    -

    မိန်ဗလာတောင်ကို သတင်းထောက်တစ်ဦး သွားရောက်လေ့လာစဉ်(Facebook)

    မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့အနီးရှိ မိန်ဗလာတောင်၌ ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများ တူးဖော်ရန် ပြည်နယ်အစိုးရမှ ရန်ကုန်အခြေစိုက် Royal Eagle Development Group Co,Ltd အား ကနဦးစူးစမ်းလေ့လာခွင့်ပြုထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “မိန်ဗလာတောင်နဲ့ပတ်သက်လို့ အစိုးရဖွဲ့ကနေပြီးမှ ဒီတောင်မှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ကျန် ပစ္စည်းတွေရှိတယ်ဆိုပြီးတော့ ပြန်လည်တူးဖော်ခွင့်ပြုပါရန် ကနဦးစူးစမ်းလေ့လာခွင့်ပြုပါလို့ တင်ပြလာတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ ခွင့်ပြုလိုက်တယ်” ဟု သူက ပြောသည်။

    ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မြှပ်နှံထားခဲ့သော ဂျပန်စစ်ကျန်ပစ္စည်းများအား ပျက်စီးမှုမှကာကွယ်ရန်၊ တရားမဝင်တူးဖော်သူများအား တားဆီးနိုင်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာမဆုံးရှုံးစေရန် ရည်ရွယ်၍ အကျိုးတူပူးပေါင်းလုပ်ကိုင်ခွင့်ပါရန် ကုမ္ပဏီမှ တင်ပြလာသည့်အပေါ် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ခွင့်ပြုခဲ့သော်လည်း စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ပိုင်ခွင့်ပေးထားခြင်း မဟုတ်ကြောင်း ဦးမြင့်သန်းဝင်းက ဆိုသည်၊

    “ကနဦးစူးစမ်းလေ့လာဆိုတာ ဒေတာအချက်အလက်ကောက်ရမယ် ဖြစ်နိုင်စွမ်းရှိ မရှိစစ်ဆေးရမယ်၊ ဒီအချက်ပေါ် မူတည်ပြီးတော့ ဆက်တူးမယ်၊ မတူးဘူးဆိုတာ ပြည်ထောင်စုက ဆုံးဖြတ်ချက်ချမယ်၊ ဒါကတော့ စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ဖို့ခွင့်ပြုလိုက်တာမဟုတ်ဘူး၊ လေ့လာစမ်းသပ်ခွင့် ပြုတဲ့အဆင့်ပဲရှိတယ်” သူက ဆက်ပြောသည်။

    အလားတူ ရန်ကုန်အခြေစိုက် Golden Geo Myanmar Co.,LTD မှ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် မိန်ဗလာတောင်ကိုတူးဖော်ခဲ့ရာ၌ ခွင့်ပြုချက်မရှိသည့်အတွက် ရပ်ဆိုင်းခြင်းခံရကြောင်း သိရသည်။

    Golden Geo Myan mar Co.,LTD ဒါရိုက်တာ ဦးဝင်းသိန်းက “ကျွန်တော်သိရလောက်တော့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ကနဦးစူးစမ်းလေ့လာခွင့်ပေးထားတယ်၊ ကျွန်တော်တို့က ဒီလုပ်ငန်းကို ဆက်တူးဖော်ခွင့်ရဖို့အတွက် သမ္မတဆီမှာ စာတင်ထားတယ်” ဟု ပြောသည်။

    အဆိုပါနေရာကို ပြန်လည်တူးဖော်ခွင့်ရရှိရန်အတွက် နိုင်ငံတော်သမ္မတ နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဆီသို့ ခွင့်ပြုမိန့်တင်ထားကြောင်း ၄င်းက ဆက်ပြောသည်။

    ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်း-မြန်မာ သေမင်းတမန်မီးရထားလမ်းဖောက်လုပ်ခဲ့စဉ် သံဖြူဇရပ်မြို့ရှိ မိန်ဗလာတောင်သည် ဂျပန်တို့အခြေစိုက်ရာ အဓိကစစ်စခန်းဖြစ်သည့်အတွက် ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများနှင့် ရတနာသိုက်များရှိနိုင်သည်ဟု ဒေသခံများ ယူဆနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks