Homeသတင်းမွန်လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

မွန်လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်း

-

မြန်မာနိုင်ငံအောက်ပိုင်းရှိ မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထိုင်းနိုင်ငံရောက်မွန်များနှင့် ပြည်ပရောက်မွန်လုပ်ငန်းရှင် (၁၉) ဦးပါဝင်သော မွန်လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီကို မေလ ၁၅ ရက်နေ့က မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ဖွဲ့စည်းခဲ့သည်။

တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ မွန်လုပ်ငန်းရှင် နိုင်ထွန်းလွင်က “ကျနော်တို့ ဖြစ်ချင်တာ ကြာပြီ၊ ပုဂ္ဂလိကအနေနဲ့ လုပ်ရင်းကိုင်ရင်းနဲ့ ဒီကိစ္စကိုမြင်လာတယ်၊ စီးပွာရေးဖက်မှာ ကျနော်တို့ မွန်တိုင်းရင်းသားအနေနဲ့ အသင်းအဖွဲ့ပုံစံ ဖွဲ့စည်းပြီးတော့ အမျိုးသားစီးပွားရေးမဟာဗျူဟာတစ်ရပ် ချမှတ်အကောင်အထည်ဖော်နိုင်ရင် အကျိုးဖြစ်ထွန်းမယ်” ဟု ပြောသည်။

မွန်လုပ်ငန်းရှင်အသင်းအဖွဲ့ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး လာမည့် (၁၈) လအတွင်း မွန်လုပ်ငန်းရှင်အသင်း ဖွဲ့စည်းသွားမည်ဟု ၄င်းကဆိုသည်။

အဆိုပါ မွန်လုပ်ငန်းရှင်အဖွဲ့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသတိုင်းကြီးနှင့် ရန်ကုန်၊ ပဲခူး၊ မန္တလေတိုင်းဒေသကြီးတို့တွင် အခြေပြုသောအဖွဲ့နှစ်ဖွဲ့ကို ကနဦးဖွဲ့စည်းပြီး ဗဟိုအဆင့် မွန်လုပ်ငန်းရှင်များအသင်းအဖြစ် ဆက်လက်စုဖွဲ့သွားမည်ဟု မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး မင်းဗညာစန်းက ပြောသည်။

မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး မင်းဗညာစန်း(MNA)

“ကျနော်တို့အသင်းက လူမျိုးကို အခြေခံတဲ့ အသင်းဖြစ်တယ်။ ဒီလိုအသင်းမျိုးက မြန်မာနိုင်ငံမှာ သိပ်မရှိသေးဘူး။ ဒေသနဲ့ လုပ်ငန်းကို အခြေခံထားတာ ရှိတယ်။ ဒီအသင်းက အခြားအသင်းတွေနဲ့မတူဘူး” ဟု မင်းဗညာစန်း ဆိုသည်။

မွန်စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အခြားဒေသအသီးအသီးရှိ မွန်အင်အားစုများ စုပေါင်းဝိုင်းဝန်းကူညီကြရန်၊ မွန်လုပ်ငန်းရှင်များအပြင် အခြားတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း ချိတ်ဆက်သွားရန်၊ မွန်တိုင်းရင်းသားအရေးတွင် တစ်ခန်းတစ်ကဏ္ဍမှ ပံ့ပိုးကူညီသွားရန် စသည့်ရည်ရွယ်ချက်များဖြင့် မွန်လုပ်ငန်းရှင်အသင်းကို ဖွဲ့စည်းသွားမည်ဟု ၄င်းက ဆက်ပြောသည်။

ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားရှိပြီး အဖွဲ့ခွဲများကို သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးများမှ လုပ်ငန်းရှင်အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts