Homeသတင်းလာမည့်ပညာသင်နှစ်တွင် ဒုတိယတန်း သင်ရိုးညွှန်းတမ်းမွမ်းမံပြင်ဆင်ထားဟုဆို

လာမည့်ပညာသင်နှစ်တွင် ဒုတိယတန်း သင်ရိုးညွှန်းတမ်းမွမ်းမံပြင်ဆင်ထားဟုဆို

-

၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ဒုတိယတန်းတွင် ဘာသာရပ် (၉) မျိုးအား သင်ရိုးညွှန်းတမ်းမွမ်းမံပြင်ဆင်ထားကြောင်း မွန်ပြည်နယ် အခြေခံပညာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်တင်လှက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဘာသာရပ် (၉) မျိုးရှိတယ်ပေါ့နော် အဲဒီဘာသာရပ် (၉) မျိုးကို CCA ကလေးဗဟိုပြုချည်းကပ်နည်းနဲ့ သင်နည်းတွေရော၊ အသွင်ပြင်တွေရော စစ်ဆေးအကဲဖြတ်တဲ့အခါရော အားလုံးကို ပြောင်းလဲပြီးတော့ ဟိုအရင်စနစ်ထက်ကို ပိုပြီးတော့ ကောင်းမွန်အောင်ပြုပြင်ထားတယ်” ဟု ဒေါ်နော်တင်လှက ပြောသည်။

ယင်းသင်ရိုးညွှန်းတမ်းအသစ်တွင် ကလေးများအနေဖြင့် အတွေးအခေါ်များ ရင့်သန်လာခြင်း၊ ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း ရရှိလာမည်ဟုလည်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ် ပညာရေးမှူးရုံး(MNA)

ဒုတိယတန်းအတွက် သင်ကြားပေးမည့် ဆရာ၊ ဆရာမ များသည် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်းအုပ်စုအဆင့်တို့တွင် သင်တန်းတက်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းသင်ရိုးညွှန်းတမ်းအသစ်သည် JICA အဖွဲ့နှင့် ပညာရေးသုတေသနအဖွဲ့တို့ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်းအဟောင်းကို ဆန်းစစ်၍ပြန်လည်ရေးဆွဲထားကြောင်း မွန်ပြည်နယ် ပညာရေးဌာနထံမှ သိရသည်။

အလားတူ “စာတွေ့နဲ့လက်တွေ့ အချိုးကျထည့်ထားပါတယ်၊ စာတွေ့မှာ ပေါက်မြောက်အောင်မြင်သလိုမျိုး၊ လက်တွေ့မှာလည်းပဲ ကောင်းတယ်၊ သင်ကြားတဲ့ ဆရာမက ကြိုးစားရင် ကြိုးစားသလောက် ကလေးအပေါ် ထိရောက်မှုတော်တော်ရမှာပါ” ဟု ဒေါ်နော်တင်လှက ပြောသည်။

ယင်းသင်ရိုးညွှန်းတမ်းအတွက် ရေးမြို့တွင် သင်တန်းတက်ရမည်ဖြစ်ကြောင်း ဒုတိယတန်း သင်ကြားနေသော ဆရာမ မိမူမူလွင်က ပြောသည်။

“သင်ရိုးညွှန်းတမ်းပြောင်းမယ်ဆိုတာ ကြားမိတယ်၊ ကျွန်မတို့ ကို အကြောင်းမကြားသေးပေမယ့် ကျောင်းဖွင့်ရက်မှာဆိုရင် သင်တန်းကို ရေးမှာ တက်ရမယ်လို့ သိထားတယ်” ဟု ၄င်းက ပြောသည်။

ထို့အပြင် မူလတန်းအောက်ဆင့်တွင် ဒေသသင်ရိုးအဖြစ် တိုင်းရင်းသားဘာသာစကား၊ တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှု၊ ဒေသဆိုင်ရာစီးပွားရေးအခြေအနေ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ကွန်ပျူတာအခြေခံ ဘာသာရပ်များ သင်ကြားရန် စီစဉ်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts