spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးရွှေထုတ်ကြီး ရရှိလိုက်ပြီဟု မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီပြော

    ငြိမ်းချမ်းရေးရွှေထုတ်ကြီး ရရှိလိုက်ပြီဟု မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီပြော

    -

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အခမ်းအနားပိတ်ပွဲအား မေလ ၇ ရက်နေ့က ရေးမြို့ လူထုအားကစားရုံ၌ ကျင်းပခဲ့ရာတွင် ငြိမ်းချမ်းရေးရွှေထုတ်ကြီး ရရှိလိုက်ပြီဟု မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က ပြောသည်။

    နန်းစံဝင့်ခိုင်က “အခု ဒီပွဲကြီးကိုအောင်အောင်မြင်မြင် ကျင်းပပြီးတဲ့အခါမှာ ကျမတို့ အခုလို ဒီစာတမ်းကြီးကို လက်ခံရရှိတာဆိုလို့ရှိရင် ကျမစိတ်ထဲမှာ စာတမ်းလို့မမြင်ဘဲနဲ့ ရွှေထုတ်ကြီးကို လက်ခံရရှိလိုက်တာပဲလို့ ကျမယူဆလိုက်ပါတယ်၊ ငြိမ်းချမ်းရေးရွှေထုတ်ကြီးပါရှင်” ဟု ပြောသည်။

    အခမ်းအနားတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ ခေါင်းစဉ် ၄ ရပ်မှ ဆွေးနွေးရရှိခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အခြေခံမူစာတမ်းအား မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ်မှ မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးထံသို့ အပ်နှံအပြီး ယင်းသို့ မိန့်ခွန်းပြောကြားခြင်း ဖြစ်သည်။

    ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းစံဝင့်ခိုင်

    နန်းစံဝင့်ခိုင်က ဤအခမ်းအနားသို့ တက်ရောက်လာသူများတွင် အလွန်ခက်ထန်ကြမ်းတန်းလှသည့်ဘဝများကို ဖြတ်သန်းခဲ့ရသည့်အလွှာ၊ လက်ရှိပစ္စုပ္ပန်ပြဿနာအခြေအနေများမှ မည်ကဲ့သို့ရုန်းထွက်ရမည်ဆိုသော ဝေခွဲမရဖြစ်နေသည့် လူလတ်ပိုင်းအလွှာ၊ မျှော်လင့်ချက်အိပ်မက်များကို ထွေးပိုက်ရင်းနှင့် အနာဂတ်ကြီးအား ကောင်းအောင်ကြိုးစားမည်ဆိုသည့် မျိုးဆက်သစ်အလွှာ စသည့် လူတန်းစားအလွှာ ၃ လွှာအား မြင်တွေ့ခဲ့ကြောင်း ဆက်ပြောသည်။

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ မင်းအောင်ထူးက “နိုင်ငံရေးကဏ္ဍမှာ စုစည်းရရှိခဲ့တာ ၆၇ ချက်၊ စီးပွားရေးကဏ္ဍမှာ ၈၇ ချက်၊ လူမှုရေးကဏ္ဍမှာ ၂၅ ချက်၊ မြေယာကဏ္ဍမှာ ၅၁ ချက် ရရှိပါတယ်” ဟု အခမ်းအနားကျင်းပအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    အဆိုပါ စုစည်းရရှိခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်၍ ဥပဒေ၊ ပညာရပ်ပိုင်းဆိုင်ရာဝေါဟာရများအား ပညာရှင်များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များမှ ဆက်လက်အတည်ပြုသုံးသပ်သွားမည်ဟု ၄င်းက ပြောသည်။
    “ကျနော်တို့အတွက် ပြင်ဆင်ချိန်အလွန်နည်းခဲ့ပေမယ့်လည်း ကိုယ်စားလှယ်တွေ၊ ပါဝင်ပံ့ပိုးသူတွေ အားလုံးကြိုးစားပေးတဲ့အတွက်ကြောင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ရာနှုန်းပြည့် အောင်မြင်တယ်လို့ပဲ ပြောချင်တယ်” ဟု မင်းအောင်ထူးက ဆိုသည်။

    ထို့အတူ မွန်လူမျိုးများအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက သတင်းစာရှင်းလင်းပွဲတွင် ဆက်လက်ပြောကြားသည်။

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မေလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့ရာ၌ မွန်ပြည်သစ်ပါတီ NMSP၊ မွန်အမျိုးသားပါတီ MNP၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၊ မွန်သံဃာတော်များ၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်း CSOs များ၊ ထိုင်းနိုင်ငံမှ မွန်ကိုယ်စားလှယ်များနှင့် ဘိတ်ကြားသင့်သူ ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ပြီး အခမ်းအနားဖွင့်ပိတ်ပွဲများတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၉၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks