spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းNCA ရေးထိုးပြီးသောအချို့ EAO နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဟု မွန်ပြည်သစ်ဥက္ကဌပြော

    NCA ရေးထိုးပြီးသောအချို့ EAO နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဟု မွန်ပြည်သစ်ဥက္ကဌပြော

    -

    တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO နှင့် တပ်မတော်ကြား သေနတ်သံကြားနေရဆဲဟု မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ရေးမြို့တွင် ကျင်းပလျက်ရှိသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားလိုက်သည်။

    “လက်မှတ်ထိုးပြီးသား တစ်ချို့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားမှာ သေနတ်သံတွေ ကြားနေရဆဲ၊ မကြေလည်မှုတွေရှိရင် ဆက်လက်ဆွေးနွေးအဖြေရှာရမှာပါ၊ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းရေးအဓွန့်ရှည်အောင် တစ်ဖက်နဲ့တစ်ဖက်တွေ့ဆွေးနွေးပြီး ယုံကြည်မှုတွေ တည်ဆောက်သွားရမယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့နေရာမှာ အပြန်အလှန်ယုံကြည်မှုတွေထားရှိပြီးတော့ ငြိမ်းချမ်းကာလကြာရှည်အောင် ဆက်လက်ဖြေရှာဖို့ လိုတယ်” ဟု နိုင်ထောမွန်က မွန်ဘာသာဖြင့် ပြောကြားသည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်(MNA)

    NCA လမ်းကြောင်းဖြင့် စစ်မှန်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေကို တည်ဆောက်နိုင်ပါက မြန်မာနိုင်ငံသည် တိုးတက်သောနိုင်ငံ ဖြစ်လာမည်ဟု သူက ဆက်ပြောသည်။

    အလားတူ မွန်ပြည်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လည်း“မွန်ပြည်သစ်အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့အစ၊ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့အစ၊ လက်နက်ကိုင်ပဋိပက္ခလျှော့ချခြင်းရဲ့အစ၊ တွေ့ဆုံဆွေးနွေးမှုကနေတစ်ဆင့် နိုင်ငံရေးပြဿနာတို့ကိို ညှိနှိုင်းတိုင်ပင်အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့အစပဲ ဖြစ်ပါတယ်” ဟု မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(MNA)

    ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ခြင်း၊ နို်င်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲခြင်းနှင့် ဖက်ဒရယ်အုတ်မြစ်ကို နိုင်ငံတော်အတွက်စိုက်ထူနိုင်ရန် လက်ရှိနိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ရလာလိမ့်မည်ဟု မျှော်လင့်ကြောင်း သူက ဆက်ပြောသည်။
    အဆိုပါနံနက်ပိုင်းတွင် အခမ်းအနားစတင်ဖွင့်လှစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံဇာတ ခေါင်းစဉ်ကြီး ၄ ခုကို တက်ရောက်သူကိုယ်စားလှယ်များမှ ကဏ္ဍအလိုက်နေရာ ၄ ခန့်သီးသန့်ခွဲ၍ ၃ ရက်ကြာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေးအစီအစဉ်အရ သိရသည်။

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့အားကစားရုံ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပရာ အထင်ကရမွန်သံဃာတော်များ၊ အမျိုးသားပြန်လည်သင့် မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် အဖွဲ့ဝင်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စု ငြိမ်ချမ်ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစိုးရအစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ၊ နိုင်ငံရေးပါတီအစုအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်များ၊ မွန်လူမှု အဖွဲ့အစည်းများ၊ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများ ၊ ရေးမြို့ခံဌာနဆိုင်ရာအကြီးအကဲများနှင့် ရေးမြို့ခံပြည်သူများ စုစုပေါင်း ၈၀၀ ဦးခန့်တက်တက်ရောက်ကြောင်း တွေ့ရှိရသည်။

    မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပထမနေ့အခမ်းအနား(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts