spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအခြေခံစက်ပြင်သင်တန်း မော်လမြိုင်မြို့တွင် စတင်ဖွင့်လှစ်

    အခြေခံစက်ပြင်သင်တန်း မော်လမြိုင်မြို့တွင် စတင်ဖွင့်လှစ်

    -

    လူငယ်ကျွမ်းကျင်လုပ်သား များလာစေရန်နှင့် မိသားစုအတွင်း ဝင်ငွေပိုမိုရရှိလာစေရန် ရည်ရွယ်၍ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကျေးလက်အခြေပြုသက်မွေးပညာသင်တန်းကျောင်း၌ မေလ (၂) ရက်နေ့တွင် အခြေခံစက်ပြင် (၁)လသင်တန်း စတင်ဖွင့်လှစ်ကြောင်း တွေ့ရှိရသည်၊

    နည်းပညာအသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး (LIFT)၏ ကူညီပံ့ပိုးမှုဖြင့် မွန်အမျိုးသမီးမဟာမိတ်အဖွဲ့၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)မှ နည်းပညာဖြင့် ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့ကြောင်း ယင်းသင်တန်းကျောင်း စီမံချက်မန်နေဂျာ မိအိန်ပကောင်းထံမှ သိရသည်။

    “ဒီမှာ သင်တန်းသားတွေကို အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို အဓိကထားပြီး ရွေးတယ်။ ပြီးတော့ မြိုံ့ပြတွေနဲ့ဝေးနေတဲ့ ကျေးရွာတွေမှာဆိုရင် ပညာအရည်အချင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့သူအတွက် နည်းပညာတစ်ခုခုကို လက်လှမ်းမှီအောင် စီစဉ်ပေးတယ်” ဟု မိအိန်ပကောင်းက ပြောသည်။

    ကျေးလက်အခြေပြုသက်မွေးပညာသင်တန်းကျောင်း၊ မော်လမြိုင်မြို့(MNA)

    သင်တန်းပြီးဆုံးပါက မိမိဒေသတွင် တနိုင်တပိုင်လုပ်ငန်းဖွင့်လှစ်နိုင်ရေးအတွက် စက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရန်လည်း လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    သင်တန်းမှ ရရှိလာသော နည်းပညာများကို မိမိအသက်မွေးလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေသည့် ဒေသခံအတွက်လည်း မျှဝေပေးစေချင်ကြောင်း ရေဖြူမြို့နယ်၊ သင်္ကန်းတောရွာမှ သင်တန်းတက်ရောက်သူ မောင်အောင်ကျော်ကျော်က ပြောသည်။

    “ကိုယ့်အတွက် အသက်မွေးဖို့အတွက်ရယ်၊ ဒီသင်တန်းကနေ ရလာတဲ့နည်းပညာတွေကိုလည်း အခက်အခဲဖြစ်နေတဲ့ ဒေသခံတွေအတွက်လည်း ပြန်ပြီး မျှဝေပေးစေချင်တယ်” ဟု မောင်အောင်ကျော် ကျော်က ပြောသည်။

    သင်တန်းတက်ရောက်လာသူအများစုသည် ယောကျာ်းလေးများသာဖြစ်သော်လည်း မိန်းကလေးများလည်း စက်ပြင်သင်တန်းကို တက်ရောက်နိုင်ကြောင်း သင်တန်းနည်းပြ ဒေါ်ကြည်ကြည်စိမ့်က ပြောသည်။

    “အများစုက စက်ပြင်မယ်ဆိုရင် ယောကျာ်းလေးပဲ လုပ်နိုင်တယ်ထင်လို့လေ၊ ကျွန်မဆိုရန်လည်း မိန်းကလေးပဲလေ သင်တန်းနည်းပြဖြစ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့လည်း သင်ပြလို့ရတယ်ဆိုရင် မိန်းကလေးတွေလည်း တက်လို့ရပါတယ်၊ စက်ပြင်မယ်ဆိုလည်း တစ်နိုင်တစ်ပိုင်ပြင်လို့ရပါတယ် မိန်းကလေးတွေကိုလည်း တက်စေချင်တယ်” ဟု ဒေါ်ကြည်ကြည်စိမ့်က ဆက်ပြောသည်။

    အဆိုပါသင်တန်းကျောင်းတွင် တနင်္သာရီတိုင်းရေဖြူမြို့နယ်၊ မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ မော်လမြိံုင်၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက်မရော၊ ကျိုက်ထိုမြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်မှ သင်တန်းသား စုစုပေါင်း (၂၀) ခန့်ရှိကြောင်း တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts