spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်း Sky Asia Company နှင့် ရတနာရွှေဆင်ကြီးကုမ္ပဏီ အပြိုင်အဆိုင်သတင်းစာရှင်းလင်း

    ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်း Sky Asia Company နှင့် ရတနာရွှေဆင်ကြီးကုမ္ပဏီ အပြိုင်အဆိုင်သတင်းစာရှင်းလင်း

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးကေဘယ်ကားစီမံကိန်းတွင် ကိုးရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြှပ်နှံသော Sky Asia Company Limited နှင့် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပလီမိတက် JGE တို့က အေပြီလ ၂၄ ရက်နေ့တွင် အပြိုင်အဆိုင် သတင်းစာရှင်းလင်းပွဲများပြုလုပ်ခဲ့သည်။

    ရတနာရွှေဆင်ကြီးကုမ္ပဏီ တာဝန်ရှိသူများက မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ မွန်းလွဲ ၁ နာရီအချိန် သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် တချိန်တည်းမှာပင် ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်းကျေးရွာ ရသေ့တောင် ကေဘယ်စခန်းတွင် SKY ASIA ကုမ္ပဏီ တာဝန်ရှိသူများမှ သတင်းမီဒီယာများအား ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ကျိုက်ထီးရိုး Cable Car (MNA)

    ရတနာရွှေဆင်ကြီးကုမ္ပဏီ ဒါရိုက်တာ ဦးနောင်ရဲအောင်က Sky Asia Company Limited ၏ မန်နေးဂျင်းဒါရိုက်တာ Mr.Yoo Sun Ha နှင့် ကုမ္ပဏီအား ချေးငွေများပေးဆောင်ရန်ပျက်ကွက်မှုကြောင့် တရားစွဲဆိုထားသည်ဟု ရှင်းပြသည်။

    “ကျွန်တော်တို့ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်တာကြောင့် သူ့ကို ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားပါတယ်၊ ကုမ္ပဏီကတော့ ကျွန်တော်တို့ဆီ ဆပ်ရမယ့်ငွေကို ရှေ့နေကနေတစ်ဆင့် မပေးနိုင်ဘူးလို့ အကြောင်းကြားလာတဲ့အတွက် တရားမမှုနဲ့ တရားစွဲဆိုရခြင်းဖြစ်တယ်” ဟု ဦးနောင်ရဲအောင်က ပြောသည်။

    Sky Asia Company Limited ၏ Managing Director Mr.Yoo Sun Ha ကို လိမ်ညာမှု ပုဒ်မ ၄၂၀ ဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌အမှုဖွင့်ခဲ့သည့်အပြင် ကုမ္ပဏီကို တရားမမှုဖြင့် မရမ်းကုန်းမြို့နယ်၊ ရဲစခန်း၌ ဧပြီလ ၁၂ ရက်နေ့တွင် အမှုဖွင့်ခဲ့သည်ဟု ဆိုသည်။

    သို့ရာတွင် ရတနာရွှေဆင်ကြီးကုမ္ပဏီ JGE ကုမ္ပဏီ မှ ကေဘယ်တည်ဆောက်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များ တောင်းခံမှုများတွင် မူလက သဘောတူစာချုပ်ချုပ်ဆိုခဲ့စဉ်က ငွေကြေးကိစ္စများထက် ကျော်လွန်တောင်းခံသုံးစွဲမှု၊ သဘောတူစာချုပ်များနှင့် ကွဲလွဲစွာ ငွေများတောင်းခံမှုများမှ စတင်ကာ အဆင်မပြေမှုများ ဖြစ်လာကြောင်း SKY ASIA ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

    ထို့အပြင် ကေဘယ်ကား သွယ်တန်းထားမှုများသည် လုံခြုံစိတ်ချရမှုမရှိ အသက်အာမခံချက်မရှိဟု ၎င်း JGE ကုမ္ပဏီမှ ဆိုရှယ်မီဒီယာများအား ပြောဆိုမှုတို့သည် ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း၊ ဘုရားဖူးပြည်သူများ အထိတ်တလန့်ဖြစ်စေရန် မဟုတ်မမှန် ဝါဒဖြန့်ပြောဆိုသူများကို ဥပဒေ ကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကေဘယ်တည်ဆောက်ပြီးသည့် အချိန်မှ ယနေ့အထိ ကေဘယ် စီးနင်းမှု လုံခြုံစိတ်ချ မှုများအတွက် အင်ဂျင်နီယာများမှ နေ့စဉ်စစ်ဆေးနေကြောင်း၊ အသက်အာမခံအတွက် KBZ ဘဏ် နှင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း SKY ASIA တာဝန်ရှိသူက ဆိုသည်။

    အဆိုပါ ကျိုက်ထီးရိုး Cable Car စီမံကိန်းအား Sky Asia Co,Ltd က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံထားကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က အနှစ် ၅၀ BOT စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts