Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသမီးဖိုရမ် ကျင်းပမည်

    မွန်အမျိုးသမီးဖိုရမ် ကျင်းပမည်

    -

    မွန်အမျိုးသမီးကွန်ရက် (MWN) မှ ဦးစီး၍ မနက်ဖန် ဧပြီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ မော်လမြိုင်မြို့ရှိ ဓမ္မကာမီပရိယတ္ထိစာသင်တိုက်တွင် မွန်အမျိုးသမီးဖိုရမ်တစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်းယင်းကွန်ရက်ထံမှ သိရသည်။

    မွန်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲ-၂၀၁၇(Facebook)

    အဆိုပါဖိုရမ်သည် လာမည့် မေလ ၅ ရက်နေ့မှ ရ ရက်နေ့အထိ ရေးမြို့နယ်၌ ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးအတွင်း မွန်အမျိုးသမီးနှင့်ပတ်သက်သော စာတမ်းတစ်စောင် ထွက်ရှိရန်နှင့် မွန်အမျိုးသမီးထုအသံတစ်ရပ် ပါဝင်လာစေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်သည်ဟု မွန်အမျိုးသမီးကွန်ရက် MWN ဦးဆောင်ကော်မတီ မိထောဉာဏ်က ပြောသည်။

    “လက်ရှိနိုင်ငံရေးအခြေအနေမှာက မွန်ပြည်သစ်ပါတီလည်း (NCA) ထိုးထားပြီးပြီ၊ ဒီ NCA လုပ်ငန်းစဉ်မှာ လုပ်သင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးထုတစ်ရပ်အနေနဲ့ ပါဝင်လာစေချင်တယ်။ နိုင်ငံရေးအတွေ့အကြုံတွေလည်း ရစေချင်တယ်” ဟု MWN ဦးဆောင်ကော်မတီ မိထောဉာဏ်က ပြောသည်။

    ယင်းကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ ခေါင်းစဉ်အပေါ်အခြေခံပြီး မွန်အမျိုးသမီးထုအသံဖြင့် စာတမ်းတစ်စောင် ထွက်ရှိလာပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချပ်းရေးညီလာခံဆီသို့ ပါဝင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

    “အခုဒေသအဆင့်ဆင့်မှာ ပြုလုပ်နေတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေပါဝင်တာနည်းတယ်၊ အမျိုးသမီးတွေအနေနဲ့ အရည်အချင်းရှိရှိ ဆွေးနွေးနိုင်အောင် အလေ့အကျင့်လုပ်ပေးတာလည်း ပါတယ်”ဟု MWN ဦးဆောင်ကော်မတီ မိချယ်ရီစိုးက ပြောသည်။

    အမျိုးသမီးနှင့်ပတ်သက်သည့် ညီလာခံများကို ယခင်က ကျင်းပခဲ့ခြင်းရှိသော်လည်း ယခုကျင်းပမည့် နိုင်ငံရေးနှင့် ပတ်သက်သည့်ဖိုရမ်သည် ပထမအကြိမ်ဖြစ်ပြီး အမျိုးသမီး အယောက် ၁၀၀ ခန့်အား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks