Homeသတင်းမွန်ပြည်သစ်ပါတီ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ဆက်လက်ပြုလုပ်မည်

မွန်ပြည်သစ်ပါတီ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ဆက်လက်ပြုလုပ်မည်

-

NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဒုတိယခြေလှမ်းအဖြစ် ရေးမြို့အရှေ့ဖက်ခြမ်းရှိ NMSP ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ လာမည့်ဧပြီ ၂၆-၂၇ ရက်များတွင် နှစ်ရက်ကြာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

“NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲက မူလအစီအစဉ်အတိုင်းပါပဲ၊ အခုဟာက ဒုတိယနေရာ ကျင်းပတာဖြစ်တယ်၊ အဓိက NCA နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေ၊ Peace Process ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကို ရှင်းပြမယ်၊ အကြံပြုချက်တွေ ရယူမယ်” ဟု နိုင်အောင်မငေးက ဆိုသည်။

ညီစားစခန်း NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ စုပေါင်းဓါတ်ပုံ(MNA)

အဆိုပါရှင်းလင်းပွဲသို့ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဘိတ်ကြားသင့်ပုဂ္ဂိုလ်များနှင့့် အရပ်ဘက်မွန်လူမှုအဖွဲ့အစည်း CSO တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၂၅၀ ဦးခန့် ဖိတ်ကြားမည် ဖြစ်သည်။

“ ဝယ်ဇင်က ရှင်းလင်းပွဲပြီးရင် ရေးမြို့မှာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလ ၅ ရက်နေ့ကနေ ရ ရက်နေ့အထိ ၃ ရက်တိတိ ကျင်းပဖို့လျာထားပါတယ်၊ ” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ အစည်းအဝေးတရပ်ကို မွန်ပြည်နယ်အစိုးရရုံး၌ အေပြီ ၂၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကော်မတီဝင်များထံမှ သိရသည်။

မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဝင် မင်းဇေယျာဦးက “မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ အမြန်ဆုံးဖွဲ့စည်းရမယ်၊ ၊ အချိန်လည်း နီးကပ်နေပြီ၊ ကြိုတင်ပြင်ဆင်ရမယ့်အရာတွေ အများကြီးပဲ”ဟု ဆိုသည်။

အလားတူ ပြီးခဲ့သည့် အေပြီလ ၁၁ ရက်နေ့က ညီစားစခန်းတွင် ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ၌ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဖွဲ့စည်းပြီး နိုင်ငံရေးဆွေးနွေးပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပသွားရန် အကြံပြုထားသည်ကို တွေ့ရသည်။

သို့ရာတွင် မွန်ပြည်သစ်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မရေးထိုးမီတွင် နိုင်ငံတော်အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးသည့်အခါ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့သလို ထင်မှတ်ရသော်လည်း လက်မှတ်ရေးထိုးပြီးသည့်အခါ မထင်မှတ်သည့်တစ်ဆို့မှုများနှင့် ကြုံတွေ့လာရကြောင်း ညီစားစခန်း NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts