Homeသတင်းသင်္ကြန်ကာလအတွင်း မော်လမြိုင်မြို့မှ အဝေးပြေးယာဉ် (၈) လိုင်းသာ ပြေးဆွဲမည်

သင်္ကြန်ကာလအတွင်း မော်လမြိုင်မြို့မှ အဝေးပြေးယာဉ် (၈) လိုင်းသာ ပြေးဆွဲမည်

-

ယခုနှစ် သင်္ကြန်ကာလအတွင်း မော်လမြိုင်မြို့ရှိ အဝေးပြေးယာဉ်လိုင်း (၈) လိုင်းသာ ပုံမှန်ပြေးဆွဲမည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီယာဉ်လိုင်းတွေပါ ပိတ်သွားမယ်ဆိုရင် ခရီးသွားတွေ အခက်အခဲဖြစ်သွားမှာပေါ့၊ အခုတောင် မော်တော်ယာဉ် လက်မှတ်တွေ ဝယ်လို့မရတော့ဘူး” ဟု ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ဆိုသည်။

မော်လမြိုင် မြေနီကုန်း အဝေးပြေးယာဉ် ရပ်နားစခန်း(MNA)

New PPT၊ ရွှေနဒီ၊ ယူနီဗာဆယ်၊ အောင်ရတနာ၊ မန္တလာမင်း၊ မိဟာရ၊ စိုးမိုးအောင် ယာဉ်လိုင်း (၇) လိုင်းတို့သည် မော်လမြိုင်-ရန်ကုန် ခရီးစဉ်သို့၄င်း၊ ရွှေမေတ္တာ ယာဉ်လိုင်းသည် မော်လမြိုင်-ထားဝယ် ခရီးစဉ်သို့၄င်း  ပုံမှန်ပြေးဆွဲမည် ဖြစ်သည်။

သို့ရာတွင် သင်္ကြန်ကာလအတွင်း ပြေးဆွဲမည့်ယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခစျေးတင်ခြင်းမပြုရန်နှင့် ယာဉ်စီးခ စျေးတင်ရောင်းချပါက မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ စည်းကမ်းထိန်းသိမ်းရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနခွဲရုံးဆီသို့ ခရီးသည်များ လာရောက်တိုင်ကြားနိုင်သည်ဟု သူက ဆက်ပြောသည်။

“သင်္ကြန်ကာလအတွင်းဆိုတော့ ဆိုင်ကယ်တွေနဲ့ကားတွေနဲ့ရှုပ်တာ သွားလာတာတွေလည်း စိတ်အနှောင့်အယှက်ဖြစ်တယ်၊ သင်္ကြန်အတွင်းမှာ တစ်နှစ်မှလည်း မပြေးဆွဲဖြစ်ဘူး” ဟု သင်္ကြန်ကာလအတွင်း ယာဉ်ပြေးဆွဲမှု ရပ်နားမည့် ရွှင်လန်း အဝေးပြေးယာဉ်လိုင်း ဂိတ်တာဝန်ခံ ကိုစိုးနိုင်က ပြောသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-မန္တလေးနှင့် မော်လမြိုင်-ထားဝယ် ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်လိုင်း (၇၀) လိုင်းခန့်ရှိကြောင်း ယင်းကော်မတီ၏ ဇရင်းဇယားများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts