Homeသတင်းရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်း

ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်း

-

ဥပဒေအထောက်အကူပြုရေးနှင့် ဥပဒေအသိပညာမြင့်မားရေးအတွက် ရည်ရွယ်ပြီး ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ကို ဧပြီလ (၁) ရက်နေ့၊ ရန်ကုန်မြို့ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ မွန်ပိဋကတ်တိုက်၌ ဖွဲ့စည်းခဲ့ကြောင်း (ရုံးအဖွဲ့မှူး) မင်းခိုင်လင်းထွန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“မတရားမှုပြုလုပ်ခံရသူ၊ နစ်နာတဲ့သူ၊ ရှေ့နေငှားဖို့ ငွေရေးကြေးရေး ခက်ခဲ့တဲ့သူတွေဘက်ကနေ အခမဲ့အနေဖြင့် အမှုလိုက်ပေးတယ်၊ ဥပဒေနဲ့ပတ်သက်ပြီးတော့လည်း အကြံပေးတယ်” ဟု မင်းခိုင်လင်းထွန်းက ပြောသည်။

ရာမည မွန်ရှေ့နေများကွန်ရက် (ရန်ကုန်) ဖွဲ့စည်းခဲ့စဉ်(MNA)

သို့ရာတွင် ဥပဒေအကြံအဉာဏ်ပေးရေးကို လုပ်ဆောင်နိုင်သော်လည်း အမှုလိုက်ပါဆောင်ရွက်ရေးတွင် ဘဏ္ဍာငွေကြောင့် အကောင်အထည်ဖော်ရန် အခက်အခဲဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသားလူမျိုးအခွင့်အရေး (ဖက်ဒရယ်၊ ဒီမိုကရေစီ) နှင့် လူ့အခွင့်အရေးကော်မတီ နိုင်ကျော်ဝင်းက “ဥပဒေကို လူတိုင်းက နားလည်နေရင် အန္တရာယ်ကင်းတယ်၊ ကိုယ့်ရဲ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးအခွင့်အရေးတွေလည်း ပြည့်ပြည့်ဝဝ ယူလို့နိုင်တယ်” ဟု သူက ဆက်ပြောသည်။

အလားတူ ရာမည မွန်ရှေ့နေများကွန်ရက် (မော်လမြိုင်) ကို မတ်လ (၁၇) ရက်နေ့၊ ဓာတုမာလာမွန်ပရိယတ္တိကျောင်းတွင် ဖွဲ့စည်းခဲ့ပြီး ကရင်ပြည်နယ်၊ မန္တလေး၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖွဲ့စည်းမည်ဟု မင်းခိုင်လင်းထွန်းက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts