spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ရာဘာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ

    မွန်ပြည်နယ် ရာဘာစျေးနှုန်း ဆက်တိုက်ကျဆင်းလာ

    -

    မွန်ပြည်နယ်၏ အဓိက ထွက်ကုန်ဖြစ်သည့် ရာဘာစျေးကွက်မှာ ယမန်နှစ်ကထက် စျေးနှုန်းပိုမိုကျဆင်းလာသည်ဟု ဖူးရှင်ရာဘာဒိုင် မန်နေဂျာ ဦးသူရက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယမန်နှစ်က ကာလပေါက်စျေးသည် တစ်ပေါင်လျှင် ပျမ်းမျှအားဖြင့် အနည်းဆုံး (၉၅၀) ကျပ်မှ အများဆုံး ကျပ် (၁၀၀၀) ကျော်အထိ ရရှိခဲ့သော်လည်း ယခုလက်ရှိ ကာလပေါက်စျေးသည် Good RSS 3 တစ်ပေါင်လျှင် ကျပ်(၈၀၀) ကျော်၊ Myanmar RSS 3 တစ်ပေါင်လျှင် (၇၀၀) ကျပ်၊ CSR 10 တစ်ပေါင်လျှင် (၈၀၀) ကျပ်၊ MSR 10 တစ်ပေါင်လျှင် (၇၄၀) ကျပ်နှင့် MSR 20 တစ်ပေါင်လျှင် (၇၀၀) ကျပ် ရှိနေသည်ဟု ဖူးရှင်ရာဘာဒိုင်ထံမှ သိရသည်။

    “မနှစ်က ဒီအချိန်မှာစျေးတက်တာ၊ ဒီနှစ် (၉) လပိုင်းကတည်းက RSS 3 ရာဘာစျေး ၁၀၀၀ ကျော်ကနေ တောက်လျှောက်ကျလာတာ ဒီနေ့ဆိုရင် ရ၀၀ လောက်ပဲ ကျန်တော့တယ်” ဟု မန်နေဂျာ ဦးသူရက ပြောသည်။

    ရာဘာစေးမှ ရာဘာပြားထုတ်လုပ်နေပုံ(MNA)

    မွန်ပြည်နယ်မှ ရာဘာထွက်ကုန်များကို တရုတ်နိုင်ငံသို့ အများဆုံး တင်သွင်းနေရပြီး ယခုနှစ်တွင် တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားကျဆင်းနေသောကြောင့် စျေးနှုန်းကျဆင်းရခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

    “စျေးနှုန်းက လောလောဆယ် မှိုင်းကျက် (၇၀၀) ကျပ် လောက်ရှိတာပေါ့။ မနှစ်က ဒီအချိန်ဆိုရင် ၉၅၀ လောက် စျေးပေါက်တယ် ဒီနေ့ဆိုရင် ၅၀ ကျပ်လောက် ထပ်ကျသေးတယ်”ဟု ရေးမြို့နယ် ရာဘာရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးဆန်းမောင်က ပြောသည်။

    ဒေသခံများသည် ရာဘာထွက်ကုန်ကို အဓိကအားထား၍ လုပ်ကိုင်နေရသောကြောင့် ယခုလို ရာဘာစျေးနှုန်းကျဆင်းခြင်းသည် စားဝတ်နေရေးအတွက် အကြပ်အတည်းဖြစ်စေသည်ဟု ရေးမြို့မှ ရာဘာခြံပိုင်ရှင် ဒေါ်အေးကြည်က ပြောသည်။

    “မနေ့က ရာဘာရောင်းလိုက်တာ တစ်ပေါင်ကို ၅၉၀ ကျပ်ပဲ ရတာ၊ စျေးကလည်းမကောင်း သင်္ကြန်လည်းနီးလာပြီးဆိုတော့ ပိုက်ဆံအကြပ်အတည်းဖြစ်တယ်” ဟု ဒေါ်အေးကြည်က ဆက်ပြောသည်။

    မြန်မာတစ်နိုင်ငံလုံးတွင် ရာဘာစိုက်ပျိုးဧက (၁၄) သိန်းကျော်ရှိသည့်အနက် မွန်ပြည်နယ်၌ ရာဘာစိုက်ပျိုးဧက (၅) သိန်းကျော်ရှိပြီး တစ်နှစ်လျှင် ရာဘာတန်ချိန် (၁၀၆,၀၀၀) ထုတ်လုပ်နိုင်သည်ဟု ရာဘာလုပ်ရှင်များအသင်း၏ ဇရင်းဇယားများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks