spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် တိုင်းရင်းသားစာပေသင်ကြားဆရာများအား နေ့စားလပေးခန့်အပ်

    မွန်ပြည်နယ် တိုင်းရင်းသားစာပေသင်ကြားဆရာများအား နေ့စားလပေးခန့်အပ်

    -

    ပညာရေးဝန်ကြီးဋ္ဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဋ္ဌာနတို့ပူးပေါင်းပြီး မွန်ပြည်နယ်ရှိ အခြေခံပညာကျောင်းများအတွက် တိုင်းရင်းသားဘာသာသင်ဆရာ/မ များအား နေ့စားလပေးအဖြစ် ခန့်အပ်ကြောင်း သိရသည်။

    ၂၀၁၇-၁၈ ပညာသင်နှစ်အတွင်း မွန်ပြည်နယ်ရှိ အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသော ဆရာ/မ ပေါင်း ၁၁၁၈ ဦးရှိသည့်အနက်သတ်မှတ်အရည်အချင်းရှိသူ ၄၆၃ ဦးကို ခန့်အပ်လိုက်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားဝန်ကြီး ဦးအောင်မြင့်ခိုင်က ဆိုသည်။

    ပြည်နယ်ပညာရေးမှူးရုံး (MNA)
    ဦးအောင်မြင့်ခိုင်က “လစာကတော့ တရားဝင်ခန့်အပ်တဲ့နေ့ကျရင် ပေးမှာပေါ့၊ အခုလောလောဆယ်မှာက ဖြေဆိုအောင်မြင်ထားတဲ့ ခန့်အပ်မယ့်စာရင်းပဲ ထွက်လာရသေးတယ် ” ဟု ပြောသည်။

    ပညာရေးဝန်ကြီးဋ္ဌာန သတ်မှတ်ထားသည့်နှူန်းထားမှာ လစာ ၇ သောင်းကျပ် ဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းကျောင်းဆရာများအတိုင်း အချိန်ပြည့် သင်ကြားရမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မြင့်ခိုင်က ဆိုသည်။

    မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီအဖွဲ့ဝင် နိုင်မွန်ရာဇာက “နေ့စားလပေးမှာမပါရှိသေးတဲ့ တိုင်းရင်းသားဘာသင်ပေးနေတဲ့ဆရာ/မတွေအတွက် ပြည်ထောင်စုတိုင်းရင်းသားဝန်ကြီးက အရင်ကပုံစံအတိုင်း အချိန်ပိုင်းနဲ့ပဲ ဆက်သင်၊ ထောက်ပံ့ကြေးကိုလည်း အရင်အတိုင်း တစ်လငွေကျပ် ၃ သောင်း ဆက်ထောက်ပံ့မယ်လို့ ပြောတယ်” ဟု ပြောသည်။

    လက်ရှိ မွန်ပြည်နယ်ရှိ အစိုးရကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသော ဆရာ/မ များတွင် မွန်ဘာသာသင် (၅၆၈) ဦး၊ စကောကရင်ဘာသာသင် (၃၇၁) ဦး၊ အရှေ့ပိုးကရင်ဘာသာသင် (၁၁၃) ဦး၊ ပအိုဝ်းဘာသာသင် (၆၆) ဦး၊ တိုင်းရင်းသားဘာသာသင် ကျောင်းသား/သူများတွင် မွန် (၂၃၀၅၀) ဦး၊ စကောကရင် (၁၂၄၆၀) ဦး၊ အရှေ့ပိုးကရင် (၄၇၇၃) ဦး၊ ပအိုဝ်း (၂၁၅၆) ဦး ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks