Homeသတင်းကဗျာဝကမ်းခြေဈေးဆိုင်ခန်းများ ပြန်လည်နေရာချမည်

ကဗျာဝကမ်းခြေဈေးဆိုင်ခန်းများ ပြန်လည်နေရာချမည်

-

မွန်ပြည်နယ် ရေးမြို့နယ် ကဗျာဝကမ်းခြေရှိ ကမ်းခြေသာယာလှပရေးအတွက် ဈေးဆိုင်ခန်းများကို လာမည့် ဖေဖော်ဝါရီလအတွင်း စနစ်တကျပြန်လည်နေရာချရန် လျာထားသည်ဟု ယင်းကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။

“လက်ရှိရှိနေတဲ့ ဆိုင်တွေက နေရာစနစ်တကျမရှိတာရယ်၊ ပွင့်ပွင့်လင်းင်းပြောရရင် ဥပဓိရုပ်မကောင်းတာရယ်၊ ပြန်လည်တည်ဆောက်ဖို့ လက်ရှိဒေသခံတွေ၊ ဆိုင်ရှင်တွေနဲ့လည်းတွေ့ပြီးပြီ သူတို့နဲ့လည်းညှိနှိုင်းမှုအဆင်ပြေတယ်” ဟု ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင် ဦးအောင်နိုင်ဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကဗျာဝကမ်းခြေ(MNA)
ယင်းအစီအစဉ်ကို မွန်ပြည်နယ်အစိုးရထံသို့ ဇန်နဝါရီလ ဒုတိယအပတ်တွင် တင်ပြသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း အကောင်အထည်ဖော်သွားမည်ဟု ၎င်းကဆက်ပြောသည်။

ဆိုင်ခန်းများကို စနစ်တကျပြန်လည်နေရာချထားခြင်း၊ အမှိုက်စွန့်ပစ်ရမည့် နေရာများကို စီစဉ်ပေးခြင်း၊ Car Parking များကို စီစဉ်ပေးခြင်း နှင့် ကမ်းခြေလမ်းများကို ပြုပြင်ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

ဈေးဆိုင်မှ ကောက်ခံထားသော အခွန်များကို လမ်းပန်ဆက်သွယ်ရေးအတွက်သော်လည်းကောင်း၊ ကမ်းခြေသာယာရေးအတွက်သော်လည်းကောင်း အသုံးပြုပြီး ဈေးဆိုင်ခန်းများကို ဆိုင်ရှင်မှ အကုန်ကျခံ တည်ဆောက်ရမည်ဟု ယင်းကော်မတီမှ ဥက္ကဌဖြစ်သူ ခေါဇာမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။

“ဈေးဆိုင်ခန်းကနေ တစ်နှစ်ဆိုလို့ရှိရင် ၅ သိန်းဆို ၆ သိန်း အစီမံနဲ့လုပ်ထားတယ် အဲ့ကနေရတဲ့ ဘတ်ဂျက်က လမ်းဖော်မယ် ကမ်းခြေသာယာအောင်လုပ်တယ်။ နေရာချတဲ့အပိုင်း၊ လမ်းတွေဆိုရင် ကော်မတီက လုပ်မယ်၊ ဆောက်ဖို့ဆိုလို့ရှိရင် ဈေးဆိုင်ခန်းတွေကို တစ်ပုံစံချထားမယ်၊ ချပြီးလို့ရှိရင် သူတို့အတွက် သူတို့ဆောက်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။

ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးကော်မတီကို ၂၀၁ရ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၌ ကမ်းခြေသာယာလှပရေးနှင့် ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် ရည်ရွယ်ချက်ဖြင့် အဖွဲ့အဝင် ၂၂ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts