spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သူ့ညီလာခံရလဒ်ကို ထောက်ခံသွားမည်ဟု မွန်လူငယ်များကြေညာချက်ထုတ်ပြန်

    မွန်ပြည်သူ့ညီလာခံရလဒ်ကို ထောက်ခံသွားမည်ဟု မွန်လူငယ်များကြေညာချက်ထုတ်ပြန်

    -

    မွန်နိုင်ငံရေးပါတီများ ညီညွတ်ရေးအတွက် လာမည့် ဇန်နဝါရီလ ၁၃-၁၄ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပမည့် မွန်ပြည်သူ့ညီလာခံမှ ထွက်ပေါ်လာသောရလဒ်ကို မွန်လူငယ်များထောက်ခံမည်ဟု ဒီဇင်ဘာ (၂၈) ရက်၊ ဆဋ္ဌမအကြိမ်မြောက်မွန်လူငယ်များနေ့ ကြေငြာချက်တွင် ဖော်ပြထားသည်။

    မွန်လူငယ်များဆုံရပ် MYF အတွင်းရေးမှူး မင်းဇာနည်ဦးက “အခုပါတီတွေက မွန်တွေကို အကျိုးမပြုနေဘူး ပြည်သူ့ဆန္ဒကိုနားမထောင်ဘူး၊ မွန်ညီညွတ်ရေးအဖွဲ့က ဦးဆောင်ကျင်းပတဲ့ ဒီမွန်ပြည်သူ့ညီလာခံမှာ မွန်ပြည်အကျိုးသယ်ပိုးနိုင်တဲ့ပါတီတစ်ခု ထွက်ပေါ်လာအောင် ဒီညီလာခံမှာအဖြေရှာသွားမယ်၊ ဒီမွန်ပြည်အကျိုးကို သယ်ပိုးနိုင်တဲ့ပါတီအပေါ်မှာ လူငယ်အနေနဲ့အပြည့်အဝထောက်ခံသွားမည်” ဟု မွန်သတင်းအေဂျင်ဆီသို့ ပြောသည်။

    ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနား(MNA)
    မွန်ပါတီများညီညွတ်မှုမရှိနေသောကြောင့် မွန်ပြည်သူများ စည်းလုံးမှုမရှိနေခြင်းသည် မွန်နိုင်ငံရေးအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

    မွန်လူငယ်များသည် မွန်ပါတီညီညွတ်ရေးနှင့် မွန်ခေါင်းဆောင်ခေါင်းများကို မျှော်လင့်နေကြောင်း ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်ဟု တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO ဒု-ဥက္ကဋ္ဌ မိရွတ်ချမ်းက ဆိုသည်။

    “မွန်လူငယ်တွေက ညီညွတ်မှုကိုအလိုရှိနေတယ် ဒါကရှင်းလင်းနေတယ်၊ လူငယ်တွေကို ဦးဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ ပေါ်လာရင် လူငယ်တွေအနေနဲ့ အားလုံးပါဝင်နိုင်တယ်၊ အဓိကက အခုချိန်မှာ ခေါင်းဆောင်ကောင်းကို လူငယ်တွေက မျှော်လင့်နေကြတယ်၊ လူငယ်တွေအနေနဲ့ ညီညွတ်ရေးကို လိုချင်တယ်” ဟု မိရွတ်ချမ်းက ဆက်ပြောသည်။

    အဆိုပါ မွန်လူငယ်များနေ့အခမ်းအနားကို မွန်ဒေသရှိ မြို့နယ်အသီးသီးမှ အင်အားတစ်သောင်းကျော်တက် ရောက်ခဲ့ပြီး မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးလှုပ်ရှားသူများနှင့် မွန်လူငယ်အဖွဲ့များတက် ရောက်ခဲ့ကြောင်း တွေ့ရှိသည်။

    ပထမအကြိမ် မွန်လူငယ်များနေ့ကို ၂၀၁၁ ခုနှစ်က ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာမှာ စတင်ခဲ့ပြီးနောက် ရေးမြို့နယ် မော့ကနင်ကျေးရွာ၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာ၊ ကော့ကရိတ်မြို ့နယ် ကော့ဘိန်းကျေးရွာနှင့် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာများတွင် နှစ်အစဉ်ကျင်းပခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက် မွန်လူငယ်များနေ့ကို ဘီလူးကျွန်းဒေသ၊ ကမာမိုရွာမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks