spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းNCA ထိုးနိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NMSP ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး

    NCA ထိုးနိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NMSP ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး

    -

    တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် မွန်ပြည်သစ်ပါတီ(NMSP)မှ ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြ ကြောင်း NMSP ဘက်က ပြောသည်။

    ၂၀၁၇ ခုနှစ်၊နိုဝင်ဘာ ၂၈ ရက်က မွန်ပြည်နယ်၊ရေးမြို ့နယ်ရှိ ပုပ္ဖဝတီကျေးရွာ ပုပ္ဖဝတီသာသနာပြုနယ်မြေ ကိုရင်လေးကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သောအဖွဲ့နှင့် NMSP မှ ဒုဥက္ကဌ နိုင်ဟံသာ ဦးဆောင်သောအဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် NMSP ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးနေစဉ်(MNA)
    NMSP မှ ဗဟိုကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်းက “ ကျနော်တို့ NCA လက်မှတ်ထိုးနိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ်က လာရှင်းပြတာပေါ့။ သူက လက်မှတ်ထိုးရင် ဘယ်လိုဆိုတာ ချပြတာပေါ့။ ကျနော်တို့ကလည်း ဗဟိုကော်မတီအစည်းအဝေးက ချမှတ်ခဲ့ တဲ့ အချက်တွေကို ပြန်ရှင်းပြခဲ့တယ်။ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးတာပါ”ဟု ပြောသည်။

    နိုဝင်ဘာ ၂၈ ရက်နေ့က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရသည့်အတွက် တစုံတရာ မသိရပေ။

    လက်ရှိတွင် NMSP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)၌ ဥက္ကဌတာဝန်ကို ရယူထားပြီး အဖွဲ့ဝင်များနှင့်အတူ NCA လက်မှတ်ထိုးနိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့်တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

    အစိုးရနှင့် ဆွေးနွေးနေရာတွင် UNFC မှ အဆိုပြုထားသော အချက် ၈ ချက်အနက် ၁ ချက်သာ ညှိနှိုင်းရန် ကျန်ရှိတော့ပြီး ထိုအချက် ညှိနှိုင်းမှု အဆင်ပြေပါက NCA လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

    ကျန်ရှိသော အချက်ကို ကျော်လွှားနိုင်ရန်အတွက် NMSP သည် ၂၀၁၇ ခုနှစ်၊နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ဗဟိုကော်မတီအစည်းအဝေးတရပ်ကို ကျင်းပခဲ့ပြီး သဘောထား ချမှတ်မှုများ ပြုလုပ်ခဲ့ကာ UNFC အဖွဲ့ဝင်များ ထံ တင်ပြ၍ သဘောတူညီမှု ရယူသွားမည်ဖြစ်ကြောင်း NMSP မှ ဗဟိုကော်မတီဝင် ဒေါက်တာနိုင်ရွှေသိန်းက ပြောသည်။

    ညှိနှိုင်းရန် ကျန်ရှိနေသော အချက်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတွေကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံ ချက် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားရန်ဆိုသည့် အချက်ဖြစ် ကြောင်း သိရသည်။

    တပ်မတော်နှင့် အစိုးရဘက်က UNFC မှ အဆိုပြုသည့် အချက်ကို NCA စာချုပ် အပိုဒ် ၁ (က)ပါ အချက်အတိုင် းသာ ဆောင်ရွက်သွားရန် ပြန်လည် ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။

    NCA စာချုပ် အပိုဒ် ၁ (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်း သား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်ဟု ဆိုထားသည်။

    ကျန်ရှိနေသော အချက် သဘောတူညီမှု ရယူနိုင်ရန်အတွက် နိုဝင်ဘာ ၁၆ ရက်က တွေ့ဆုံ ညှိနှိုင်းရန် ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် UNFC ၏ အလုပ်အဖွဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့(DPN)တို့ စီစဉ်ခဲ့ကြသော်လည်း အလွတ်သဘောသာ ဆွေးနွေးနိုင်ခဲ့ခြင်းကြောင့် ယနေ့ချိန်ထိ အတည်ပြု ချက် ရယူနိုင်ခြင်း မရှိသေးပေ။

    “ ကျနော်တို့က NCA စာချုပ်ထဲမှာ ပါတဲ့အတိုင်းပဲ သဘောတူညီဖို့ စီစဉ်မှု ရှိခဲ့တယ်။ ဗဟိုကော်မတီအစည်း အဝေးမှာပေါ့။ ဒါကို ကျနော်တို့ တဖွဲ့တည်း ဆောင်ရွက်လို့မရဘူး။ တပ်ပေါင်းစု ဖွဲ့ထားတော့ ကျန်တဲ့ အဖွဲ့တွေ ကိုလည်း တင်ပြ ဆွေးနွေးသွားမယ်။သူတို့သဘောတူရင်တော့ ဒါက အဆင်ပြေပြီးပေါ့။မဟုတ်ရင်တော့ တနည်း ပြန်စဉ်းစားရမှာပေါ့”ဟု NMSP မှ ဗဟိုကော်မတီဝင် တဦးက ပြောသည်။

    UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ပါဝင်ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှာမူ နှုတ်ထွက်စာတင်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks