Homeသတင်းမွန်ပြည်နယ်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော် ပြန်လည်ရွေးချယ်မည်

မွန်ပြည်နယ်ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော် ပြန်လည်ရွေးချယ်မည်

-

မွန်ပြည်နယ်အတွင်း ယခင်သမ္မတသက်တမ်းလက်ထက်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ရွေးချယ်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော်ကို တတိယအကြိမ်ပြင်ဆင်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်သွားရန် စီမံဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက နိုဝင်ဘာ ၂၄ ရက်နေ့က ပြောသည်။

ရပ်ကျေးရွေးကောက်ပုံ အဆင့်ဆင့်(ACDD Burma)
“ရွေးမှာက အားလုံးတော့မဟုတ်ဘူး၊ တင်ပြလာတဲ့ စီမံချက်အရဆိုရင် ၉၀ ရာခိုင်နှုန်းကျော်ကျော်လောက် အရေအတွက်တော့မသိဘူး ပြန်ရွေးချယ်ရမယ်၊ ကျန်တဲ့ဟာက လက်ရှိ သမ္မတသက်တမ်းနဲ့အညီ တက်လာတဲ့လူလဲဖြစ်တယ်၊ တတိယအကြိမ်ပြင်ဆင်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေနဲ့အညီ ရွေးချယ်ထားတဲ့လူလဲဖြစ်တယ် အဲလူတွေ ကျန်ခဲ့မယ်” ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်မည့်ရက်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း ဒီဇင်ဘာလကုန် အပြီး ရွေးချယ်သွားရန် ခန့်မှန်းထားသည်ဟု ၄င်းက ဆက်ပြောသည်။

“ဒီဇင်ဘာလအကုန်အပြီး ရွေးချယ်ဖို့အတွက် ခန့်မှန်းထားတယ် သို့ပေသိ မြေပြင်မှာ လုပ်ရ ကိုင်ရ အခက်အခဲအခြေအနေအကြောင်းကြောင့်ကြောင့်ပေါ် မူတည်ပြီးတော့ ဒီဇင်ဘာလကျော်ရင်လည်း ကျော်မှာပေါ့ ဇန်နဝါရီလလောက် ဖြစ်ရင်လည်း ဖြစ်မှာပေါ့ အတိကျဘယ်နေ့ အပြီး ရွေးပါဆိုပြီးတော့ မပြောထားဘူး” ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

လက်ရှိတွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် စတင်ဆောင်ရွက်နေပြီး ကြီးကြပ်ရေးမှူးအဖွဲ့များ ဖွဲ့စည်းပြီးပါက ၄င်းတို့ကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ရွေးချယ်ဆောင်ရွက်နိုင်ရန် ရက်တိုသင်တန်းပို့ချးပေးသွားမည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၄၆၈ ဦးရှိပြီး NLD အစိုးရလက်ထက်တွင် မြေယာကိစ္စ၊ အဂတိလိုက်စားမှုကိစ္စနှင့် ကျင့်ဝတ် ဖောက်ဖျက်မှုတို့ဖြင့် တိုင်ကြားခံရပြီး တာဝန်မှ ရပ်စဲခံရသူရှိသည့်အတွက် ပြန်လည်ရွေးချယ်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရှိသည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြင်ဆင်ပြဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအအုပ်ချုပ်ရေးမှူး ဥပဒေတွင် အုပ်ချုပ်ရေးများ၏ သက်တမ်းသည် သမ္မတသက်အတိုင်းဖြစ်ရမည်ဆိုပြီး ပြင်ဆင်ပြဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၁၈၈ အရ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ အစိုးရက ခန့်အပ်ရမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၉ အရ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာကသာ ရွေးချယ်ရမည်ဟု ပြဌာန်းထားသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ရာတွင် ရပ်/ကျေးအုပ်စုများတွင် ကြီးကြပ်ရေးှမှူး (၅) ဦးစီကို ကနဦး ရွေးချယ်ရမည်ဖြစ်ပြီး ထိုမှတဆင့် ဆယ်အိမ်စု၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ရွေးချယ်ရမှာဖြစ်သည်။ ရာအိမ်မှူးများထဲမှ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအတွင်း အမှန်တကယ်နေထိုင်သူများက မဲပေးစနစ်ဖြင့် ရွေးချယ်ရမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts