Homeသတင်းမွန်ပြည်နယ်မှအဆင့်မြင့်ရာဘာပြား တန်ချိန် ၅ သောင်း စင်ကာပူဝယ်ယူမည်

မွန်ပြည်နယ်မှအဆင့်မြင့်ရာဘာပြား တန်ချိန် ၅ သောင်း စင်ကာပူဝယ်ယူမည်

-

အဆင့်မြင့်ရာဘာပြား မက်ထရစ်တန်ချိန် ၅ သောင်းဝယ်ယူရန် မွန်ပြည်နယ် ရာဘာလုပ်ငန်းရှင်အသင်းနှင့် စင်ကာပူနိုင်ငံမှ ဟင်္သာအဂရီ ကုမ္ပဏီတို့ မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟိုတယ်၌ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် စာချုပ်ချုပ်ဆိုခဲ့ကြသည်။

“ရာဘာစိုက်တဲ့တောင်သူတွေဆီကနေ ဟင်္သာအဂရီ ကုမ္ပဏီက တန်ငါးသောင်းဝယ်ယူမယ်၊ တစ်ချိန်တည်းမရောင်း နိုင်သေးဘူးဆိုရင်တောင်မှ ပေးနိုင်သလောက်၊ ရောင်းနိုင်သလောက်ရောင်းရင်လည်း သူတို့ဝယ်မယ်” ဟု မွန်ပြည်နယ် ရာဘာစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။

မွန်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ်(MNA)
အဆိုပါ MoU စာချုပ်မချုပ်ဆိုမီ နံနက်ပိုင်းတွင် မွန်ပြည်နယ် ရာဘာစိုက်ထုတ်လုပ်ရောင်းချသူများနှင့် စင်ကာပူနိုင်ငံမှ ရာဘာဝယ်သူများတွေ့ဆုံပွဲ အခမ်းအနားတရပ်ကိုလည်း ကျင်းပခဲ့သည်။

အခမ်းအနားတက်ရောက်သူ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ရာဘာစိုက်ပျိုးတဲ့တောင်သူတွေ အများကြီးရှိတဲ့အတွက် ရာဘာလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ပိုပြီးဝင်ငွေကောင်းလာမှသာ တောင်သူတွေရဲ့ဘဝ တိုးတက်ကောင်းမွန်လာမှာဖြစ်တဲ့အတွက် ရာဘာလုပ်ငန်း လုပ်ကိုင်သူတွေအားလုံး ဝိုင်းဝန်းစုပေါင်းအဖြေရှာဖို့အတွက် ဒီလိုအခမ်းအနားကျင်းပရတာဖြစ်တယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်တွင်ဧက ၅ သိန်းခန့်ရှိပြီး တစ်နှစ်လျင် တန်ချိန်တစ်သိန်းခန့်ထွက်ရှိနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ပြောကြားချက်အရ သိရသည်။
ယင်းတွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရာဘာဘာလုပ်ငန်းရှင်များ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ပညာရှင်များနှင့် စိတ်ဝင်စားသူများစုစုပေါင်း ၂၀ဝ ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts