spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရာမညမွန်ရှေ့နေများကွန်ယက် လာမည့် ၆ လအတွင်းကွန်ဖရင့် ပြုလုပ်မည်ဟုပြော

    ရာမညမွန်ရှေ့နေများကွန်ယက် လာမည့် ၆ လအတွင်းကွန်ဖရင့် ပြုလုပ်မည်ဟုပြော

    -

    ရာမညမွန်ရှေ့နေများကွန်ယက်အဖွဲ့ အတည်ပြုဖွဲ့စည်းနိုင်ရန်အတွက် ရာမညမွန်ရှေ့နေများကွန်ယက် ဖော်ဆောင်ရေးကော်မတီက လာမည့် ၆ လအတွင်း ကွန်ဖရင့်အစည်းအဝေးတစ်ခု လုပ်ဆောင်သွားရန်ရှိကြောင်း ကွန်ယက်၏ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

    “ကျွန်တော်တို့ ချမှတ်ထားတာတစ်ခုကတော့ ဒီ(ယာယီ) ကွန်ယက်အနေနဲ့ လာမည့် (၆) လအတွင်းမှာ ဒီကွန်ယက်ကို အတည်ဖြစ်နိုင်ဖို့၊ ကွန်ဖရင့်အစည်းအဝေး ခေါ်နိုင်ဖို့၊ ကွန်ယက်ရဲ့ ဖွဲ့စည်းပုံဥပဒေတွေကို အတည်ပြုနိုင်ဖို့ (၆) လလောက် အချိန်ယူရအုံးမယ် ဖြစ်နိုင်ဖို့လေ” ဟု ရာမညမွန်ရှေ့နေများကွန်ယက် (ယာယီ) တွဲဖက်အတွင်းရေးမှူး နိ်ုင်ခိုင်လင်းထွန်း (နာဲဂိုတ်ဂစာန်) ကပြောသည်။

    ရာမညမွန်ရှေ့နေများကွန်ယက်(ယာယီ)
    ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၈) ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် လစဉ်အစည်းအဝေးကို ဥပဒေပညာရှင် (၂၀) ဦးကျော် တက်ရောက်ခဲ့ပြီး ကွန်ဖရင့်အစည်းအဝေး ပြုလုပ်နိုင်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

    လာမည့် ဒီဇင်ဘာဒုတိယပတ်တွင် မော်လမြိုင်မြို့၌ အစည်းအဝေးပြုလုပ်သွားရန်ရှိပြီး မွန်ရှေ့နေများကို ဆက်သွယ် စည်းရုံးနေသည်ဟု ပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်သည့် မွန်ပြည်နယ် ဥပဒေချုပ် (ငြိမ်း) နိုင်ဝင်းကြည်က ပြောသည်။

    နိုင်ဝင်းကြည်က “ကွန်ယက်ဆိုတာက ကွန်ယက်ဖွဲ့စည်းပုံသက်သက် မလုံလောက်ပါဘူး။ လူရော၊ ငွေရော ပြည့်စုံမှ ကွန်ယက်တစ်ခု လည်ပတ်လို့ရတယ်လေ။ အခုလောလောဆယ်တော့ ကွန်ယက်တာဝန်ခံတွေကပဲ ကိုယ့်ပိုက်ဆံနဲ့ စိုက်ထုတ်ပြီး လှုပ်ရှားနေတယ်။ ပါဝင်မယ့်လူတွေကိုလည်း စည်းရုံးရဦးမယ်ဆိုတော့ (၆) လ ဆိုတာ ခန့်မှန်းထားတာပေါ့နော်” ဟု ဆိုသည်။

    ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးအပ်ရန်ရည်ရွယ်၍ အငြိမ်းစား တရားသူကြီးများနှင့် ဥပဒေဘွဲ့ရ လူငယ်ရှေ့နေများပူးပေါင်းပြီး ရန်ကုန်မြို့ရှိ မွန်ဓမ္မာရုံတွင် ပြီးခဲ့သည့်စက်တင်ဘာလ ၂၄ ရက်နေ့က ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့စည်းခဲ့သည်ဟု လှုပ်ရှားသူများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks